မြစ်ရေဝင်ရောက်သည့် ရှမ်းကလေးကျွန်းစံပြကျေးရွာသို့ ပြည်ခိုင်ဖြိုးပါတီမှ ရေသန့်စက်လှူဒါန်း

ဧရာဝတီမြစ်ရေ နှစ်စဉ်ဝင်ရောက်သည့် အမရပူရမြို့နယ် ရှမ်းကလေးကျွန်းစံပြကျေးရွာ နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ရရှိရန်အတွက် မန္တလေး တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက ငွေကျပ်သိန်း၂ဝခန့် တန်ဖိုးရှိ သြစတြေးလျနိုင်ငံထုတ် ရေသန့်စက်သုံးလုံးကို ဇူလိုင်လ (၂၃) ရက်နေ့ မွန်းလွဲ ၂နာရီက အဆိုပါကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း၌ ပေးအပ်လှူဒါန်းခဲ့သည်။

13700120_519398058257935_6516249119439915697_n

ရေသန့်စက်ပေးအပ်လှူဒါန်းပွဲသို့ မန္တလေးတိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ ဖြစ်ကြသည့် ဦးသောင်းဝေနှင့် ဒေါ်မြင့်မြင့်ဦး၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုသင်းနှင့်ခရိုင်ပါတီကော်မတီဝင်များ၊ အမရပူရမြို့နယ် ဥက္ကဋ္ဌ ဦးသိန်းထွန်းဦးနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ဒေသခံများ စုစုပေါင်းအင်အား ၂ဝခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ရေသန့်လှူဒါန်းပွဲတွင် မြို့နယ် ပါတီဥက္ကဋ္ဌက ရေသန့်စက်အသုံး ပြုပုံနှင့်ပတ်သက်၍ဒေသခံများအား ရှင်းလင်းပြောကြားပြီးနောက်တိုင်း ဒေသကြီးပါတီမှ ပေးအပ်လှူဒါန်း သည့် ရေသန့်စက်များကိုအသုံးပြု မည့်ရွာဦးကျောင်းမှသံဃာတော် များနှင့်ဒေသခံများအား မန္တလေး တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးရဲမြင့်ကိုယ်စား တိုင်းဒေသ ကြီး ပါတီအတွင်းရေးမှူး ဦးဝင်း မောင်နှင့်အဖွဲ့ဝင်များက အသီးသီး ပေးအပ်လှူဒါန်းခဲ့သည်။

အမရပူရမြို့နယ် ရှမ်းကလေး ကျွန်းစံပြကျေးရွာတွင် မန္တလေး တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ပေးအပ်လှူဒါန်းခဲ့သည့် ရေသန့် စက်များသည်သြစတြေးလျနိုင်ငံမှ ထုတ်လုပ်ပြီး တန်ဖိုးအားဖြင့် ရေသန့်စက်တစ်လုံးလျှင် မြန်မာ ကျပ်ငွေသိန်း ၂ဝခန့်တန်ဖိုးရှိပြီး အဆိုပါ စက်များမှာ ချောင်းရေ၊ မြောင်းရေနှင့် မြစ်ရေအစရှိသော ရေအမျိုးမျိုးတို့ကို စ့၇ ရေသန့် အဆင့်ရသည်အထိအသုံးပြုနိုင်ကာ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင် ဖြိုးပါတီမှ ရှမ်းကလေးကျွန်းကျေး ရွာတွင် လှူဒါန်းခဲ့သည့် ရေသန့် စက်သုံးလုံးတန်ဖိုးမှာငွေကျပ်သိန်း ၆ဝခန့်တန်ဖိုးရှိကြောင်း သိရသည်။

သုတ(မန္တလေး)


Leave a Reply