Phone 7 အတွက် Apple ၏ Lightning EarPod ဓာတ်ပုံသစ်များ ထွက်ပေါ်လာ

Apple ၏ iPhone 7 နှင့် iPhone 7 Plus တွင် ၃.၅ မီလီမီတာ နားကြပ်ပေါက်ပါဝင်ခြင်း မရှိကြောင်း သတင်းများက ဖော်ပြနေကြသည်။ ထို့ကြောင့် iPhone သစ်ဝယ်ယူမည့် သူများအနေဖြင့် Apple ၏ Lightning သို့မဟုတ် Bluetooth သို့မဟုတ် ကြိုးမဲ့စနစ် နားကြပ်များ သုံးစွဲရတော့မည် ဖြစ်သည်။

Apple

လက်ရှိတွင် Apple သည် iPhone တိုင်းတွင် EarPod များ ထည့်သွင်းပေးလျက်ရှိသည်။ ယခုအခါ Weibo တွင် ထွက်ပေါ်လာသော ဓာတ်ပုံများသည် Apple ၏ EarPod ဗားရှင်းသစ်ဖြစ်ကာ 8-pin Lightning port မှတစ်ဆင့် ချိတ်ဆက်နိုင်မည် ဖြစ်သည်။

အဆိုပါ EarPod သစ်များသည် လက်ရှိ Apple မှရောင်းချနေသော နားကြပ်များနှင့်အလွန်ဆင်တူပြီး inline ခလုတ်နှင့် မိုက်တို့ပါဝင်လာသည်။ အဓိကပြောင်းလဲသွားသည့်အချက်မှာ connector ဖြစ်ပြီး နားကြပ်တွင် ဒီဂျစ်တယ်အသံအတွက် နှစ်ဖက်စလုံးအသုံးပြုနိုင်သည့် Lightning port ပါဝင်သည်။ အဆိုပါနားကြပ်ကို iPhone 7 နှင့် Lightning ပါဝင်သည့် ထုတ်ကုန်များတွင်လည်း အသုံးပြုနိုင်မည်။

Weibo တွင် ဓာတ်ပုံတင်သူသည် Apple EarPod များအတွက် အရည်အသွေးမြင့်ဓာတ်ပုံတချို့တင်ခဲ့သည်။ လက်ရှိ EarPod များနှင့်ကွာခြားချက်မှာ port အဆုံးပိုင်းရှိ casing က အလွန်ထူထဲနေခြင်းဖြစ်သည်။

တရုတ်လူမှုရေးမီဒီယာမှ ထွက်ရှိလာသော ဓာတ်ပုံများသည် ယုံကြည်စိတ်ချရလေ့မရှိသောကြောင့် သတိထားရမည် ဖြစ်သည်။ တရုတ်နိုင်ငံတွင် EarPod များကို အတုပြုလုပ်သည့် လုပ်ငန်းမှာ ကြီးမားပြီး Apple ထုတ်ကုန် အစစ်အမှန် သို့မဟုတ် အတုတစ်ခု ဖြစ်ကြောင်း သိရန်ခက်ခဲသည်။

Ref: 9to5Mac


Leave a Reply