ထိုင်းနိုင်ငံ၊ ဆင်းခွန် အထူးယာယီနယ်စပ်ဂိတ်မှ မြန်မာနိုင်ငံသို့ ပြန်လာသည့် မြန်မာရွှေ့ပြောင်း လုပ်သားများကို ယခုရက်ပိုင်းအတွင်း ကြပ်မတ်စစ်ဆေးမှုများ ရှိနေ

ထိုင်းနိုင်ငံ ဆင်းခွန် အထူးယာယီနယ်စပ်ဂိတ်မှ မြန်မာနိုင်ငံအတွင်းသို့ ပြန်လာသည့် မြန်မာရွှေ့ပြောင်း လုပ်သားများကို ယခုရက်ပိုင်းအတွင်း ထိုင်းတာဝန်ရှိသူများက ကြပ်မတ်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခံခရိုင် ဒန်းသိန်ခွန်းရွာအတွင်း ဖွင့်လှစ်ထားသော ဆင်းခွန် အထူးယာယီ နယ်စပ်ဂိတ်မှတစ်ဆင့် မောတောင် နယ်စပ်ဂိတ်ကို ဖြတ်သန်းပြီး မြန်မာနိုင်ငံအတွင်းသို့ ပြန်မည့် မြန်မာရွှေ့ပြောင်းလုပ်သားများမှာ အထူးစစ်ဆေးခံနေရပြီး တချို့မှာ ဖြတ်သန်းခွင့် ပိတ်ပင်ခံနေရ ကြောင်း မောတောင်ဒေသခံများက ဆိုသည်။

“ဘန်ကောက်မှာ အသတ်ခံရတဲ့ ထိုင်းအမျိုးသမီးတစ်ဦးရဲ့အမှုနှင့် ပတ်သက်ပြီး နယ်စပ်ဂိတ်တွေမှာ လုံခြုံရေး တင်းကျပ်ထားတယ်လို့ ကြားရတယ်။ ကျွန်တော်တို့ဆီကနေ သွားရင်ရတယ်။ ဒါပေမဲ့ ဆင်းခွန်ဂိတ်ကနေ မြန်မာနိုင်ငံကို ပြန်လာမယ့် သူတွေကိုကျတော့ ပိတ်ထားတယ်လို့ ကြားရတယ်။ နယ်စပ်ဂိတ်မှာလည်း တရားခံလို့ မသင်္ကာဖြစ်ဖွယ် မြန်မာနှစ်ဦးရဲ့ ဓာတ်ပုံတွေကိုလည်း ဖြန့်ကြက် ထားတယ်လို့ သိရတယ်။ ပြန်လာတဲ့လူတချို့က ဖြတ်သန်းခွင့်မရဘဲ ပရာကျွတ်ထဲမှာ သောင်တင်နေ ကြတယ်” ဟု မောတောင်ရွာတွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

မောတောင်ဒေသမှ ထိုင်းနိုင်ငံ၊ ပရာကျွတ်ခီရီခံအတွင်း သွားရောက်လုပ်ကိုင်နေသည့် မြန်မာအလုပ် သမားများမှာမူ ပုံမှန်အတိုင်း သွားလာခွင့်ရရှိနေသော်လည်း ဘန်ကောက်ဘက်နှင့် တခြားဒေသများမှ ပြန်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သားများမှာမူ ဖြတ်သန်းခွင့်မရရှိကြောင်းသိရသည်။

“အလုပ်သမား ဗီဇာပတ်စ်ပို့ကိုင်ပြီး မြန်မာပြည်ကို ပြန်သူတွေကိုတော့ ကြပ်ကြပ်မတ်မတ် စစ်ဆေးနေ ပါတယ်။ ဆိုင်ကယ်အ၀င်အထွက်တွေကိုလည်း တခြားနေ့နဲ့မတူဘဲ စိစစ်ပြီးမှ ၀င်ထွက်ခွင့် ပေးပါ တယ်။ ထိုင်းနိုင်ငံသားတွေ မြန်မာပြည်ထဲဝင်တာ ပုံမှန်ပါပဲ။ မောတောင် လ၀ကကို မေးပြီးပါပြီ။ အ၀င်အထွက် အသွားအလာ အားလုံးပုံမှန် အနေအထားမှာ ရှိနေပါတယ်” ဟု ခရီးသွားလုပ်ငန်း လုပ်ကိုင်သူ ဦးအောင်စိုးက ပြောကြားသည်။

ထိုင်းတာဝန်ရှိသူများအနေဖြင့် ဘန်ကောက်မြို့တွင် အသတ်ခံရသော အမျိုးသမီးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသားများကို မသင်္ကာဖြစ်နေပြီး နယ်စပ်ဂိတ်များ အားလုံးတွင် အထူးကြပ်မတ် စစ်ဆေးနေ ခြင်းဖြစ်ကြောင်း မောတောင်နယ်စပ်တွင် တာဝန်ကျနေသည့် အစိုးရ၀န်ထမ်းတစ်ဦးက ပြောကြား သည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ကီလိုမီတာ ၂၀၀ မြန်မာနိုင်ငံ မြိတ်မြို့မှ ၁၂၃ မိုင်ကွာဝေးသော ဆင်းခွန်-မောတောင်ဂိတ်မှာ အချက်အချာကျသော နေရာတွင်ရှိပြီး ကုန်သွယ်မှု အလားအလာ ရှိသည့် နယ်စပ်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ထိုင်းနိုင်ငံဘက်မှ အထူးယာယီနယ်စပ်ဂိတ်အဖြစ်သာ ဖွင့်လှစ်ထားသောကြောင့် ခရီးသွား လာမှု၊ ကန့်သတ်ဧရိယာအတွင်း လည်ပတ်မှုနှင့် ကန့်သတ်ချက်တချို့နှင့် ကုန်သွယ်မှုသာ ပြုလုပ်နိုင် သေးကြောင်း သိရသည်။

မြန်မာရွှေ့ပြောင်း လုပ်သားများနှင့် နေ့ချင်းပြန် သွားရောက်နေသည့် ဒေသခံအလုပ်သမားများမှာ အဆိုပါ ဂိတ်ပေါက်များမှ ဖြတ်သန်းသွားလာနေရာမှ ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ ပြန်မည့် မြန်မာရွှေ့ပြောင်းလုပ်သားများကို အထူးကြပ်မတ်စစ်ဆေးခြင်း၊ ဖြတ်သန်းခွင့်မပေးခြင်း စသည့် ဆောင်ရွက်ချက်များကို နယ်စပ်ဂိတ်မှ ထိုင်းတာဝန်ရှိသူများက လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရ သည်။

Eleven

 


Leave a Reply