iPhone 6S များ ပေးမည့် မြန်မာနိုင်ငံ၏ အလှတရား ဓာတ်ပုံပြိုင်ပွဲ ကျင်းပမည်

13600107_1020155561432063_6504497930249265487_n

အနိုင်ရရှိသူများအား iPhone 6S များ ပေးမည့် မြန်မာနိုင်ငံ၏အလှတရား ဓာတ်ပုံပြိုင်ပွဲတစ်ရပ်ကို MPT မှ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

MPT ၏ တရားဝင် Facebook Message Box မှတစ်ဆင့် မိမိတို့ ၏ ဓာတ်ပုံများကို ပေးပို့ယှဉ်ပြိုင်နိုင်မည် ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲဝင်အမည်၊ ပြိုင်ပွဲဝင်ဓာတ်ပုံ ( မြန်မာနိုင်ငံ၏ ရင်သပ်ရှုမောဖွယ်အလှတရားကို ဖော်ကျူးသည့် ဓာတ်ပုံ) ၊ ပြိုင်ပွဲဝင်ဓာတ်ပုံအကြောင်း၊ ဓာတ်ပုံရိုက်ဖြစ်သွားသည့် အကြောင်းပြချက်များ ကို ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲဝင်ပုံများကို ဇူလိုင် ၅ ရက်မှ ၁၀ ရက်နေ့ ညနေ ၄ နာရီအထိ လက်ခံပေးသွားမည်ဖြစ်ကြောင်းနှင့် တစ်ဦးလျှင် တစ်ကြိမ်သာ ၀င်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၁၁ ရက်နေ့တွင် ပြိုင်ပွဲဝင်ပုံအားလုံးကို MPT ဖေ့စ်ဘုတ်တွင် Album အဖြစ်တင်မည်ဖြစ်ပြီး Like, Share, Comment, Teaction အရေအတွက် စုစုပေါင်း အများဆုံးရရှိသော ဓာတ်ပုံပိုင်ရှင်နှစ်ဦးနှင့် MPT မှ စိတ်ကြိုက် ရွေးချယ်ထားသော တစ်ဦးကို iPhone 6S ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။ ရလဒ်များကို ဇူလိုင်လ ၁၇ ရက်နေ့တွင် ကြေညာမည်ဖြစ်ပြီး စာတိုရေးသားပေးပို့ရာတွင် #MPTMoment ပါဝင်ရမည်ဟု သိရသည်။ အသေးစိတ်အချက် အလက် များကို MPT ဖေ့်ဘုတ်စာမျက်နှာတွင် ထုတ်ပြန်ပေးထားကြောင်း သိရသည်။


Leave a Reply