နှလုံးမရှိဘဲ ၅၅၅ ရက်ကြာ အသက်ရှင်ခဲ့သူ

အမေရိကန်နိုင်ငံသား စတန်းလာကင်ဟာ cardiomyopathy ဆိုတဲ့ မွေးရာပါ နှလုံးရောဂါ ခံစားခဲ့ရသူပါ။ နှလုံးကြွက်သား ကြီးထွားလာပြီး သွေးလည်ပတ်အောင် မလုပ်ပေးနိုင်တော့တဲ့ အခြေအနေကြောင့် ၂၀၁၄ ခုနှစ် နိုဝင်ဘာလမှာ နှလုံးကို ခွဲစိတ်ဖယ်ရှားခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ အလေးချိန် ၁၃ ပေါင်ရှိတဲ့ နှလုံးစက်ကို ကျောပိုးအိတ်ထဲ ထည့်ပြီး သူ သွားလေရာ ယူသွားခဲ့ရတာပါ။

စတန်းလာကင်ဟာ နှလုံးမရှိဘဲ ၅၅၅ ရက်ကြာ နေထိုင်ခဲ့ပြီးနောက် ၂၀၁၆ ခုနှစ် မေလ ၉ ရက်မှာတော့ မစ်ချီဂန်တက္ကသိုလ် ဖရန်ကယ်နှလုံးစင်တာမှာ နှလုံးအစားထိုး ခွဲစိတ်မှုလုပ်ခဲ့တာပါ။