အဓမၼ ႏွင့္ ဓမၼ

၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ေနာက္ပိုင္း လူမႈကြန္ယက္မွာ နဲ႔ အဓမၼ ဆိုတဲ့ ပါဠိေဝါဟာရကို တြင္တြင္သုံးလာၾကပါတယ္။
တစ္ခ်ိဳ႕လဲနားလည္လို႔ ေျပာတာရွိသလို႔ အမ်ားစုကေတာ့ ဂဃနဏ နားမလည္ဘဲ သူမ်ားေယာင္လို႔ လိုက္ေယာင္ ေျပာေနတာကိုလည္း ေတြ႕ရပါတယ္။
ဘာေတြေျပာၾကလဲဆိုတာကို ေလ့လာၾကည့္ၾကတာေပါ့…
၂၀၂၀ ေ႐ြးေကာက္ပြဲဟာ အာဏာရ NLD အစိုးရနဲ႔ ေ႐ြးေကာက္ပြဲေကာ္မရွင္တို႔ဟာ မဲသမာမႈမ်ားရွိခဲ့ၿပီး ေျဖရွင္းေပးဘို႔ စစ္တပ္က NLD အစိုးရနဲ႔ UEC တို႔ကို အဆင့္ဆင့္ အႀကိမ္ႀကိမ္ ေတာင္းဆိုခဲ့ၾကတယ္။ ထိုနည္းတူ ေ႐ြးေကာက္ပြဲမွာ ပါဝင္ခဲ့တဲ့ ပါတီ အမ်ားစုကလည္း ေတာင္းဆိုခဲ့ၾကတယ္ဆိုတာ ႏိုင္ငံေရးစိတ္ဝင္စားၾကတဲ့သူတိုင္း သိၾကပါတယ္။
ဒီလိုေတာင္းဆိုခ်က္ေတြအေပၚ အာဏာရ NLD အစိုးရနဲ႔ ေ႐ြးေကာက္ပြဲေကာ္မရွင္ UECတို႔က လ်စ္လ်ဴရႈခဲ့တဲ့အတြက္ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ စစ္တပ္က ဖြဲ႕စည္းပုံအေျခခံ ဥပေဒအရ အာဏာထိန္းလိုက္ေၾကာင္း ထုတ္ျပန္ေၾကျငာၿပီး တာဝန္ရွိသူအားလုံးကို တရားစြဲဆိုမႈေတြ၊အေရးယူမႈေတြကို လုပ္ေဆာင္ခဲ့ပါတယ္။
ဒီလို စစ္တပ္က အာဏာထိန္းတဲ့ အေၾကာင္းျပခ်က္က ႏိုင္ငံေတာ္၏အခ်ဳပ္ အျခာအာဏာသည္ ႏိုင္ငံသားမ်ားထံမွ ဆင္းသက္ၿပီး ႏိုင္ငံတဝန္းလုံး၌တည္သည္ ဆိုတဲ့ ၂၀၀၈ အေျခခံဥပေဒ ပုဒ္မ ၄ကို NLD အစိုးရဟာ ေဖာက္ဖ်က္ၿပီး ေ႐ြးေကာက္ပြဲမွာ မဲသမာမႈမ်ားျပဳလုပ္ကာ အဓမၼ နည္းျဖင့္ ႏိုင္ငံေတာ္အာဏာကို ရယူျခင္းျဖစ္တဲ့အတြက္ေၾကာင့္ဟု ဆိုပါတယ္။ ဒီေနရာမွာ စစ္တပ္က အဓမၼ ဆိုတဲ့ စကားကို စတင္သုံးႏႈန္းထားတာကို ေတြ႕ရပါတယ္။
ဒီလို စစ္တပ္က အာဏာထိန္းခဲ့မႈအေပၚ လက္မခံႏိုင္တဲ့ NLD လႊတ္ေတာ္အမတ္မ်ား၊ ပါတီဝင္မ်ားနဲ႔ သူတို႔ကိုေထာက္ခံတဲ့ ျပည္သူမ်ားက အေရွ႕ပိုင္းမွာေတာ့ ၿငိမ္းခ်မ္းစြာ ဆႏၵျပ၍ ကန္႔ကြက္ခဲ့ၾကၿပီး ေနာက္ပိုင္းတြင္ လုံၿခဳံေရးတပ္ဖြဲ႕မ်ားအေပၚ အၾကမ္းဖက္တိုက္ခိုက္မႈမ်ား ျပဳလုပ္လာၾကပါတယ္။ ဒါအျပင္ ဝန္ထမ္းမ်ားကို CDM(Civil Disobedience Movement) ျပဳလုပ္ရန္ ဖိအားေပးလာခဲ့ၿပီး ဝန္ထမ္းအခ်ိဳ႕ကလည္း CDM ျပဳလုပ္ခဲ့ၾကပါတယ္။
ထို႔ေနာက္ပိုင္းမွာေတာ့ Generation Z အမည္ျဖင့္ လူငယ္မ်ားဟာ ေတာခိုၿပီးလက္နက္ကိုင္လမ္းစဥ္ ျဖင့္ စစ္ေကာင္စီကို ေတာ္လွန္ခဲ့ၾကပါတယ္။ ဒီလိုေတာ္လွန္တဲ့အခါ စစ္တပ္က အဓမၼ အာဏာ သိမ္းမႈကို ဓမၼ ျဖင့္ျပန္လည္တိုက္ခိုက္ရမည္ျဖစ္ေၾကာင္းလို႔ ေႂကြးေၾကာ္ကာ National Unity Government(NUG)ကို ေလလႈိင္းအတြင္း ဖြဲ႕စည္းၿပီး ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ (People Defense Force- PDF )မ်ားကို ေဒသအလိုက္ဖြဲ႕စည္းကာ ရတဲ့နည္းျဖင့္ လက္နက္စြဲကိုင္ခဲ့ၾကပါတယ္။
သို႔ေသာ္လည္း စစ္တပ္အပါအဝင္ လုံၿခဳံေရးတပ္ဖြဲ႕မ်ားကို တိုက္ခိုက္ခဲ့သည္မ်ားရွိသကဲ့သို႔ အျပစ္မဲ့ ရဟန္းရွင္ ျပည္သူမ်ား၊ ေက်ာင္းဆရာ/ဆရာမမ်ားကိုလည္း ဒလန္ဟု ကင္ပြန္းတပ္ၿပီး ရက္ရက္စက္သတ္ျဖတ္ ခဲ့ျခင္းမ်ားအစိုးရ၏ ႐ုံးဌာနမ်ား၊ စာသင္ေက်ာင္းမ်ား အား ဗုံးခြဲတိုက္ခိုက္ျခင္း၊ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ျခင္းမရွိေစရန္ရည္႐ြယ္၍ ေ႐ြးေကာက္ေရးေကာ္မရွင္႐ုံးမ်ား၊ လဝက႐ုံးမ်ားအား မီးရႈိ႕ျခင္းမ်ားစသည့္ အၾကမ္းဖက္လုပ္ရပ္မ်ားကိုသာ အဓိကထားလုပ္ေဆာင္ လာခဲ့ၾကသည္ကို ေတြျမင္ၾကရပါတယ္။
သို႔ေသာ္ သူတို႔သည္ စစ္တပ္ကို အၾကမ္ဖက္စစ္တပ္ဟု ပညတ္ၿပီး သူတို႔သည္သာ ဓမၼ ျဖစ္ၿပီး အဓမၼစစ္ေကာင္စီကို ေတာ္လွန္ျခင္းျဖစ္သည္ဟု NUG နဲ႔ PDF တို႔က ေၾကျငာၿပီး အေမရိကန္ႏွင့္အေနာက္အုပ္စုႏိုင္ငံမ်ား၊ ၄င္းတို႔၏ Media မ်ားက ဝိုင္းဝန္းပုံေဖာ္ေပးၾကပါတယ္။
ဤ ေနရာတြင္ မည္သူက ဓမၼ ျဖစ္ၿပီး မည္သူက အဓမၼ ျဖစ္သနည္း ဆန္းစစ္ၾကည့္ရန္ လိုလာပါသည္။ မည္သည့္ ေပတံႏွင့္ တိုင္းၾကည္မည္နည္း၊
ဓမၼ ႏွင့္ အဓမၼ ဟူေသာေဝါဟာရသည္ ပါဠိစကားျဖစ္ၿပီး ေဂါတမျမတ္စြာဘုရားေဟာၾကားခဲ့ တရားစကားျဖစ္ပါသည္။ ဓမၼ ဟူသည္ အဘယ္နည္း? အဓမၼ ဟူသည္ အဘယ္နည္း?
ပါေမာကၡခ်ဳပ္ဆရာေတာ္ႀကီး ေဒါက္တာနႏၵမာလာက ဓမၼ နဲ႔ အဓမၼ ကို ခြဲျခားသိဘို႔ ေဟာၾကားထားတဲ့တရားကို နာၾကားဘူးပါတယ္၊( ေအာက္တြင္ Link ထည့္ေပးထားပါသည္) ဘယ္လိုေဟာခဲ့လဲဆိုေတာ့ ”အဓမၼ ဆိုတာ ဓမၼ ရဲ႕ ဆန႔္က်င္ဘက္ျဖစ္တယ္၊
ဓမၼ ဆိုတာဘာလဲလို႔ ေမးမယ္ဆိုရင္ အေျခခံကစေျပာရရင္ ပါဏာတိပါတာဆိုတဲ့ သူ႔အသက္Tတ္ျခင္းက ေရွာင္က်င္တာ ဓမၼ၊ သူ႔မ်ားဥစၥာခိုးယူျခင္းမွ ေရွာင္က်င္တာ ဓမၼ၊ သူ႔တပါးသားမယားျပစ္မွားျခင္းမွ ေရွာင္က်င္တာ ဓမၼ၊ အဲဒါေတြမေရွာင္က်င္ရင္ အဓမၼျဖစ္တယ္၊ လိမ္ေျပာတာ အဓမၼ၊ တစ္ဦးနဲ႔ တစ္ဦးမတည့္ေအာင္ ဂုန္းတိုက္တာ အဓမၼ၊ လူတကာကို ဆဲေရးတိုင္းထြာတာ၊တစ္ဦးနဲ႔တစ္ဦး နားမခံသာေအာင္ ၾကမ္းတမ္းတဲ့စကားနဲ႔ ႐ိုင္းျပစြာေျပာဆိုတာ အဓမၼ၊ တရားလက္လႊတ္ မေျပာသင့္တာေတြေျပာတာက အဓမၼ တို႔ျဖစ္တယ္လို႔ ေဟာထားတဲ့တရားကို နာၾကားခဲ့ဘူးပါတယ္။
အဲဒီေတာ့ ႏွစ္ဘက္လုံး ဓမၼဓိဌာန္က်က် ဆန္းစစ္ၾကည့္ပါ။ စစ္ေကာင္စီက တရားဥပေဒမဲ့ လူTတ္ေနသလား၊ Tတ္ေနတယ္ဆို အေထာက္အထားနဲ႔ျပႏိုင္ရပါမယ္။
Tတ္ခဲ့သည္မ်ားရွိပါတယ္၊ သို႔ေသာ္ တရားဥပေဒနဲ႔ ညီၫြတ္ေနပါသည္၊ ဥပမာ ေသဒဏ္ထိုက္သင့္၍ ေသဒဏ္အျပစ္ေပးခဲ့ေသာတရားခံမ်ား ျဖစ္ပါတယ္၊ေနာက္ၿပီး စစ္ဆင္ေရးနယ္ေျမမွာ ရန္သူ႔စခန္းမ်ားကို၄င္း၊ တပ္မေတာ္တပ္ရင္းတပ္ဖြဲ႕၊ရဲစခန္းနဲ႔ ေက်း႐ြာမ်ားကို လာေရာက္တိုက္ခိုက္တဲ့ PDF မ်ားကို၄င္း ေလေၾကာင္းမွ ပစ္ခတ္Tတ္ျဖတ္ခဲ့ျခင္းရွိပါတယ္၊ ၄င္းတို႔သည္ ဥပေဒေဘာင္အတြင္းမွသာျဖစ္ အေၾကာင္းမဲ့T တ္ျဖတ္ခဲ့ျခင္းမရွိပါ။ ဒါ့ကိုၾကည့္ရင္ စစ္တပ္က အဓမၼ လုပ္ေဆာင္ျခင္းမဟုတ္သည္မွာ ထင္ရွားပါတယ္။
NUG ကေမြးထားတဲ့ PDF ေပါင္းစုံကေတာ့ ေနရာအႏွံအျပား ဒလန္လို႔ စြပ္စြဲခ်က္ေတြနဲ႔ အျပစ္မဲ့ ရဟန္းရွင္ ျပည္သူ တစ္ေသာင္းေက်ာ္ကို ဥပေဒမဲ့ Tတ္ျဖတ္ခဲ့ၿပီးပါၿပီ။ ဆက္လက္Tတ္ေနဆဲျဖစ္ပါတယ္။ ေနာင္လဲ ဆက္လက္Tတ္ေနဦးမည္ျဖစ္ပါသည္။
ထိုကဲ့သို႔ သူ႔တစ္ပါးအသက္ကို အေၾကာင္းမဲ့ သက္သက္Tတ္တာ ဓမၼ လား? အဓမၼ လား၊ အစိုးရ႐ုံးဌာနေတြကို မီးရႈိ႕တာ၊ စာသင္ေက်ာင္းေတြကို ဗုံးခြဲတာ ဓမၼ လား? အဓမၼ လား? ႐ြာေတြကို မီးရႈိ႕ၿပီး စစ္ေကာင္စီတပ္ေတြက မီးရႈိ႕ပါတယ္လို႔ လိမ္ညာေျပာဆိုတာ ဓမၼ လား? အဓမၼ လား? ပန္ဆယ္လို ကဲ့သို႔ေသာ nld ေလာ္ဘီေတြက လူမႈကြန္ယက္မွာ မၾကားခ်င္အဆုံး နားမခံသာေအာင္ ၾကမ္းတမ္းတဲ့စကားနဲ႔ ႐ိုင္းျပစြာေျပာဆိုတာ၊ ဆဲေရး တိုင္းထြာတာေတြဟာ ဓမၼ လား? အဓမၼ လား?
ျမတ္ဗုဒၶရဲ႕ ေဟာၾကားခ်က္ တရားေတာ္ေပတံနဲ႔ တိုင္းတာၾကည့္ရင္ NUG နဲ႔ PDF တို႔ဟာ အဓမၼ သမား၊ လူသတ္အၾကမ္းဖက္သမားမ်ားသာျဖစ္ေၾကာင္း ထမင္းစားသူမ်ားသာျဖစ္ရင္ ရွင္းရွင္းလင္းလင္း သိျမင္ႏိုင္ေပမည္။ သို႔ေသာ္ မိမိကိုယ္တိုင္က သမၼာဒိဌိ မရွိ အျမင္မွန္မသိရင္ေတာ့ျဖင့္ အဓမၼ ကို ဓမၼ ဟုသာ ထင္ျမင္ေနၿပီး အဓမၼ ေနာက္လိုက္အျဖစ္နဲ႔ အကုသိုလ္ေတြ တစ္ေလွႀကီးရယူေနၾကဦးမည္ ျဖစ္သည္ကို အလင္းျပေပးရေၾကာင္းပါခင္ဗ်ာ
#PAN
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း လူမှုကွန်ယက်မှာ နဲ့ အဓမ္မ ဆိုတဲ့ ပါဠိဝေါဟာရကို တွင်တွင်သုံးလာကြပါတယ်။
တစ်ချို့လဲနားလည်လို့ ပြောတာရှိသလို့ အများစုကတော့ ဂဃနဏ နားမလည်ဘဲ သူများယောင်လို့ လိုက်ယောင် ပြောနေတာကိုလည်း တွေ့ရပါတယ်။
ဘာတွေပြောကြလဲဆိုတာကို လေ့လာကြည့်ကြတာပေါ့…
၂၀၂၀ ရွေးကောက်ပွဲဟာ အာဏာရ NLD အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်တို့ဟာ မဲသမာမှုများရှိခဲ့ပြီး ဖြေရှင်းပေးဘို့ စစ်တပ်က NLD အစိုးရနဲ့ UEC တို့ကို အဆင့်ဆင့် အကြိမ်ကြိမ် တောင်းဆိုခဲ့ကြတယ်။ ထိုနည်းတူ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့တဲ့ ပါတီ အများစုကလည်း တောင်းဆိုခဲ့ကြတယ်ဆိုတာ နိုင်ငံရေးစိတ်ဝင်စားကြတဲ့သူတိုင်း သိကြပါတယ်။
ဒီလိုတောင်းဆိုချက်တွေအပေါ် အာဏာရ NLD အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင် UECတို့က လျစ်လျူရှုခဲ့တဲ့အတွက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အာဏာထိန်းလိုက်ကြောင်း ထုတ်ပြန်ကြေငြာပြီး တာဝန်ရှိသူအားလုံးကို တရားစွဲဆိုမှုတွေ၊အရေးယူမှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။
ဒီလို စစ်တပ်က အာဏာထိန်းတဲ့ အကြောင်းပြချက်က နိုင်ငံတော်၏အချုပ် အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတဝန်းလုံး၌တည်သည် ဆိုတဲ့ ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၄ကို NLD အစိုးရဟာ ဖောက်ဖျက်ပြီး ရွေးကောက်ပွဲမှာ မဲသမာမှုများပြုလုပ်ကာ အဓမ္မ နည်းဖြင့် နိုင်ငံတော်အာဏာကို ရယူခြင်းဖြစ်တဲ့အတွက်ကြောင့်ဟု ဆိုပါတယ်။ ဒီနေရာမှာ စစ်တပ်က အဓမ္မ ဆိုတဲ့ စကားကို စတင်သုံးနှုန်းထားတာကို တွေ့ရပါတယ်။
ဒီလို စစ်တပ်က အာဏာထိန်းခဲ့မှုအပေါ် လက်မခံနိုင်တဲ့ NLD လွှတ်တော်အမတ်များ၊ ပါတီဝင်များနဲ့ သူတို့ကိုထောက်ခံတဲ့ ပြည်သူများက အရှေ့ပိုင်းမှာတော့ ငြိမ်းချမ်းစွာ ဆန္ဒပြ၍ ကန့်ကွက်ခဲ့ကြပြီး နောက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့များအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်လာကြပါတယ်။ ဒါအပြင် ဝန်ထမ်းများကို CDM(Civil Disobedience Movement) ပြုလုပ်ရန် ဖိအားပေးလာခဲ့ပြီး ဝန်ထမ်းအချို့ကလည်း CDM ပြုလုပ်ခဲ့ကြပါတယ်။
ထို့နောက်ပိုင်းမှာတော့ Generation Z အမည်ဖြင့် လူငယ်များဟာ တောခိုပြီးလက်နက်ကိုင်လမ်းစဥ် ဖြင့် စစ်ကောင်စီကို တော်လှန်ခဲ့ကြပါတယ်။ ဒီလိုတော်လှန်တဲ့အခါ စစ်တပ်က အဓမ္မ အာဏာ သိမ်းမှုကို ဓမ္မ ဖြင့်ပြန်လည်တိုက်ခိုက်ရမည်ဖြစ်ကြောင်းလို့ ကြွေးကြော်ကာ National Unity Government(NUG)ကို လေလှိုင်းအတွင်း ဖွဲ့စည်းပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (People Defense Force- PDF )များကို ဒေသအလိုက်ဖွဲ့စည်းကာ ရတဲ့နည်းဖြင့် လက်နက်စွဲကိုင်ခဲ့ကြပါတယ်။
သို့သော်လည်း စစ်တပ်အပါအဝင် လုံခြုံရေးတပ်ဖွဲ့များကို တိုက်ခိုက်ခဲ့သည်များရှိသကဲ့သို့ အပြစ်မဲ့ ရဟန်းရှင် ပြည်သူများ၊ ကျောင်းဆရာ/ဆရာမများကိုလည်း ဒလန်ဟု ကင်ပွန်းတပ်ပြီး ရက်ရက်စက်သတ်ဖြတ် ခဲ့ခြင်းများအစိုးရ၏ ရုံးဌာနများ၊ စာသင်ကျောင်းများ အား ဗုံးခွဲတိုက်ခိုက်ခြင်း၊ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိစေရန်ရည်ရွယ်၍ ရွေးကောက်ရေးကော်မရှင်ရုံးများ၊ လဝကရုံးများအား မီးရှို့ခြင်းများစသည့် အကြမ်းဖက်လုပ်ရပ်များကိုသာ အဓိကထားလုပ်ဆောင် လာခဲ့ကြသည်ကို တွေမြင်ကြရပါတယ်။
သို့သော် သူတို့သည် စစ်တပ်ကို အကြမ်ဖက်စစ်တပ်ဟု ပညတ်ပြီး သူတို့သည်သာ ဓမ္မ ဖြစ်ပြီး အဓမ္မစစ်ကောင်စီကို တော်လှန်ခြင်းဖြစ်သည်ဟု NUG နဲ့ PDF တို့က ကြေငြာပြီး အမေရိကန်နှင့်အနောက်အုပ်စုနိုင်ငံများ၊ ၄င်းတို့၏ Media များက ဝိုင်းဝန်းပုံဖော်ပေးကြပါတယ်။
ဤ နေရာတွင် မည်သူက ဓမ္မ ဖြစ်ပြီး မည်သူက အဓမ္မ ဖြစ်သနည်း ဆန်းစစ်ကြည့်ရန် လိုလာပါသည်။ မည်သည့် ပေတံနှင့် တိုင်းကြည်မည်နည်း၊
ဓမ္မ နှင့် အဓမ္မ ဟူသောဝေါဟာရသည် ပါဠိစကားဖြစ်ပြီး ဂေါတမမြတ်စွာဘုရားဟောကြားခဲ့ တရားစကားဖြစ်ပါသည်။ ဓမ္မ ဟူသည် အဘယ်နည်း? အဓမ္မ ဟူသည် အဘယ်နည်း?
ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာက ဓမ္မ နဲ့ အဓမ္မ ကို ခွဲခြားသိဘို့ ဟောကြားထားတဲ့တရားကို နာကြားဘူးပါတယ်၊( အောက်တွင် Link ထည့်ပေးထားပါသည်) ဘယ်လိုဟောခဲ့လဲဆိုတော့ ”အဓမ္မ ဆိုတာ ဓမ္မ ရဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်၊
ဓမ္မ ဆိုတာဘာလဲလို့ မေးမယ်ဆိုရင် အခြေခံကစပြောရရင် ပါဏာတိပါတာဆိုတဲ့ သူ့အသက်Tတ်ခြင်းက ရှောင်ကျင်တာ ဓမ္မ၊ သူ့များဥစ္စာခိုးယူခြင်းမှ ရှောင်ကျင်တာ ဓမ္မ၊ သူ့တပါးသားမယားပြစ်မှားခြင်းမှ ရှောင်ကျင်တာ ဓမ္မ၊ အဲဒါတွေမရှောင်ကျင်ရင် အဓမ္မဖြစ်တယ်၊ လိမ်ပြောတာ အဓမ္မ၊ တစ်ဦးနဲ့ တစ်ဦးမတည့်အောင် ဂုန်းတိုက်တာ အဓမ္မ၊ လူတကာကို ဆဲရေးတိုင်းထွာတာ၊တစ်ဦးနဲ့တစ်ဦး နားမခံသာအောင် ကြမ်းတမ်းတဲ့စကားနဲ့ ရိုင်းပြစွာပြောဆိုတာ အဓမ္မ၊ တရားလက်လွှတ် မပြောသင့်တာတွေပြောတာက အဓမ္မ တို့ဖြစ်တယ်လို့ ဟောထားတဲ့တရားကို နာကြားခဲ့ဘူးပါတယ်။
အဲဒီတော့ နှစ်ဘက်လုံး ဓမ္မဓိဌာန်ကျကျ ဆန်းစစ်ကြည့်ပါ။ စစ်ကောင်စီက တရားဥပဒေမဲ့ လူTတ်နေသလား၊ Tတ်နေတယ်ဆို အထောက်အထားနဲ့ပြနိုင်ရပါမယ်။
Tတ်ခဲ့သည်များရှိပါတယ်၊ သို့သော် တရားဥပဒေနဲ့ ညီညွတ်နေပါသည်၊ ဥပမာ သေဒဏ်ထိုက်သင့်၍ သေဒဏ်အပြစ်ပေးခဲ့သောတရားခံများ ဖြစ်ပါတယ်၊နောက်ပြီး စစ်ဆင်ရေးနယ်မြေမှာ ရန်သူ့စခန်းများကို၄င်း၊ တပ်မတော်တပ်ရင်းတပ်ဖွဲ့၊ရဲစခန်းနဲ့ ကျေးရွာများကို လာရောက်တိုက်ခိုက်တဲ့ PDF များကို၄င်း လေကြောင်းမှ ပစ်ခတ်Tတ်ဖြတ်ခဲ့ခြင်းရှိပါတယ်၊ ၄င်းတို့သည် ဥပဒေဘောင်အတွင်းမှသာဖြစ် အကြောင်းမဲ့T တ်ဖြတ်ခဲ့ခြင်းမရှိပါ။ ဒါ့ကိုကြည့်ရင် စစ်တပ်က အဓမ္မ လုပ်ဆောင်ခြင်းမဟုတ်သည်မှာ ထင်ရှားပါတယ်။
NUG ကမွေးထားတဲ့ PDF ပေါင်းစုံကတော့ နေရာအနှံအပြား ဒလန်လို့ စွပ်စွဲချက်တွေနဲ့ အပြစ်မဲ့ ရဟန်းရှင် ပြည်သူ တစ်သောင်းကျော်ကို ဥပဒေမဲ့ Tတ်ဖြတ်ခဲ့ပြီးပါပြီ။ ဆက်လက်Tတ်နေဆဲဖြစ်ပါတယ်။ နောင်လဲ ဆက်လက်Tတ်နေဦးမည်ဖြစ်ပါသည်။
ထိုကဲ့သို့ သူ့တစ်ပါးအသက်ကို အကြောင်းမဲ့ သက်သက်Tတ်တာ ဓမ္မ လား? အဓမ္မ လား၊ အစိုးရရုံးဌာနတွေကို မီးရှို့တာ၊ စာသင်ကျောင်းတွေကို ဗုံးခွဲတာ ဓမ္မ လား? အဓမ္မ လား? ရွာတွေကို မီးရှို့ပြီး စစ်ကောင်စီတပ်တွေက မီးရှို့ပါတယ်လို့ လိမ်ညာပြောဆိုတာ ဓမ္မ လား? အဓမ္မ လား? ပန်ဆယ်လို ကဲ့သို့သော nld လော်ဘီတွေက လူမှုကွန်ယက်မှာ မကြားချင်အဆုံး နားမခံသာအောင် ကြမ်းတမ်းတဲ့စကားနဲ့ ရိုင်းပြစွာပြောဆိုတာ၊ ဆဲရေး တိုင်းထွာတာတွေဟာ ဓမ္မ လား? အဓမ္မ လား?
မြတ်ဗုဒ္ဓရဲ့ ဟောကြားချက် တရားတော်ပေတံနဲ့ တိုင်းတာကြည့်ရင် NUG နဲ့ PDF တို့ဟာ အဓမ္မ သမား၊ လူသတ်အကြမ်းဖက်သမားများသာဖြစ်ကြောင်း ထမင်းစားသူများသာဖြစ်ရင် ရှင်းရှင်းလင်းလင်း သိမြင်နိုင်ပေမည်။ သို့သော် မိမိကိုယ်တိုင်က သမ္မာဒိဌိ မရှိ အမြင်မှန်မသိရင်တော့ဖြင့် အဓမ္မ ကို ဓမ္မ ဟုသာ ထင်မြင်နေပြီး အဓမ္မ နောက်လိုက်အဖြစ်နဲ့ အကုသိုလ်တွေ တစ်လှေကြီးရယူနေကြဦးမည် ဖြစ်သည်ကို အလင်းပြပေးရကြောင်းပါခင်ဗျာ
#PAN




