မူးယစ်ဆေး စစ်ဆေးမှု ရလဒ်ကို လူသိရှင်ကြား ထုတ်ဝေရန် တင်းနစ်သမား နာဒယ် ပြော

Rafael-Nadal_reuters

နိုင်ငံတကာ တင်းနစ်ဖက်ဒရေးရှင်း (အိုင်တီအက်ဖ်) က သူ့ရဲ့ မူးယစ်ဆေးဝါး စစ်ဆေးမှု ရလဒ်တွေကို ထုတ်ဝေနိုင်တယ်လို့ ကမ္ဘာ့အဆင့် ၅ တင်းနစ်သမား ရာဖေးနာဒယ်က ပြောပါတယ်။

 

ဆေးသုံးတယ်လို့ စွပ်စွဲထားတဲ့ ပြင်သစ်အစိုးရ ၀န်ကြီးဟောင်းတဦးကို နာဒယ်က တရားစွဲထားတာ ဖြစ်ပါတယ်။

 

ရာဖေးရဲ့ အိုင်တီအက်ဖ်ကိုပေးတဲ့ စာမှာတော့ လူတွေက အထောက်အထားမရှိဘဲ မပြောဆိုသင့်သလို သူနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ၊ မူးယစ်ဆေးသုံးစွဲတဲ့ စစ်ဆေးချက်တွေကို လူသိရှင်ကြား ထုတ်ဖော်ဖို့ တောင်းဆိုထားပါတယ်။

 

၁၄ ကြိမ်မြောက် ဂရင်းစလင်း ချန်ပီယံက မူးယစ်ဆေးဝါးစစ်ဆေးမှု တခါမှ မအောင်မြင်တာ မရှိဘူးလို့ အိုင်တီအက်ဖ်က ပြောပါတယ်။

 

(DVB)


Leave a Reply