ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကဖားရွှေကျော်အုပ်စု ရေတိုက်ကျေးရွာရှိ ဆရာစံအောင်မြေကုန်းတွင် တောင်သူလယ်သမားတွေ့ဆုံပွဲ ကျင်းပ

 

သာယာဝတီ မတ် ၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) သာယာဝတီမြို့နယ် ဖားရွှေ ကျော်အုပ်စု ရေတိုက်ကျေးရွာရှိ သုပဏ္ဏကဂဠုနရာဇာ ဆရာစံ၏ အောင်မြေကုန်းတွင် ယမန်နေ့ နံနက် ၉ နာရီက တောင်သူလယ်သမား တွေ့ဆုံပွဲကို ကျင်းပသည်။ ရှေးဦးစွာ အခမ်းအနားကို နိုင်ငံတော်သီချင်း သီဆိုဖွင့်လှစ်ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးအောင်တင်မြင့်က ယမန်နေ့ ကျရောက်သည့် တောင်သူလယ်သမားနေ့သို့ ပေးပို့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ သဝဏ် လွှာကို ဖတ်ကြားသည်။

င ရှေ့ဖုံး – ပြည်ထောင်စု မှထို့နောက် ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်ချိုဦးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ယမန်နေ့က ပြုလုပ်ခဲ့သော အစုအဖွဲ့အလိုက် ဆွေးနွေးပွဲများမှ ရရှိ လာသည့် အချက်များကို အခြေပြု၍ စာတမ်းများ ဖတ်ကြားခြင်း၊ တက်ရောက်လာသော တောင်သူလယ်သမား များက စိုက်ပျိုး စရိတ်ချေးငွေ ပုံစံ (၇)၊ အခွန်ကောက်ခံမှု စနစ်တို့နှင့် သက်ဆိုင်သော မေးခွန်းများ မေးမြန်းခြင်း တို့ကို ပြုလုပ်ခဲ့ကြသည်။ ဆက်လက်၍ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမား ရေးရာတာဝန်ခံ ဦးအောင်တင်မြင့်က စာတမ်းများနှင့် မေးခွန်းများကို ပြန်လည်ဖြေကြားခြင်းများ ပြုလုပ်ခဲ့ပြီး တက်ရောက်လာသော တောင်သူလယ်သမားထုကြီး၏ သဘောထားကိုရယူ၍ ဆုံးဖြတ် ချက်သုံးရပ်ချမှတ်ခဲ့သည်။ ထိုဆုံးဖြတ် ချက် သုံးရပ်မှာ-

(၁) ၂ဝ၂ဝ ပြည့်နှစ် မတ်လ ၂ ရက်နေ့တွင်ကျရောက်သော (၅၈) နှစ်မြောက် တောင်သူလယ်သမားနေ့သို့ ပေးပို့ သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ သဝဏ်လွှာပါ လုပ်ငန်းစဉ်များအား ဆက်လက် ဆောင်ရွက် ရမည့် ရှေ့လုပ်ငန်းစဉ်များအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ရန် ဆုံးဖြတ်သည်။

(၂) အစုအဖွဲ့များမှ ဆွေးနွေးတင်ပြလာသော ဈေးကွက်ဝင် မျိုးကောင်းမျိုး သန့်ရရှိရေး၊ သွင်းအားစုများ ပစ္စည်း မှန် ဈေးနှုန်းမှန်ရရှိရေး၊ လုံလောက်သော စိုက်ပျိုးစရိတ် ရင်းနှီးငွေရရှိရေး၊ ခိုင်မာသော သီးနှံဈေးကွက်ရရှိရေး လုပ်ငန်းစဉ်များအား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန် ဆုံးဖြတ်သည်။

(၃) ယနေ့ကျင်းပသော တောင်သူလယ်သမား တွေ့ဆုံပွဲအား နောင်လာမည့် နှစ်များတွင်လည်း ဆရာစံအောင် မြေကုန်း၌ ဆက်လက်ကျင်းပသွားရန် ဆုံးဖြတ်သည်။ စသည်တို့ ဖြစ်ကြပါသည်။ ဆက်လက်၍ ဒေသခံတောင်သူ လယ်သမားတစ်ဦးက တောင်သူလယ်သမားများ ယနေ့ကြုံတွေ့နေရသော အခြေ အနေနှင့် ယခင်ပြည်ခိုင်ဖြိုး အစိုးရလက်ထက် တောင်သူလယ်သမားများ ကြုံတွေ့ခဲ့ရသော အခြေအနေများကို နှိုင်းယှဉ်ဆွေးနွေးခြင်း၊ ဆရာစံအောင်မြေကုန်းထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ အတွင်းရေးမှူးက ကျေးဇူးတင် စကား ပြောကြားခြင်းတို့ ဆောင်ရွက်ပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ကြသည်။ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင် ဦးအောင်တင်မြင့်၊ တိုင်းဒေသကြီး ပါတီဒုတိယဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ ပါတီဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် ဦးမြင့်လွင်ဦး၊ ဦးတင်စိုး၊ ဦးစန်းအောင်နိုင်၊ ဦးသန်းဇော် ထွန်း၊ ဒေါ်ထားထားနု၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်ပါတီ ဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ တောင်သူလယ်သမားကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။