ပြည်ခိုင်ဖြိုး ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ် ရွှေပြည်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့် အစည်း အဝေး ပြုလုပ်

 

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ် ရွှေပြည်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ရုံး၌ မြို့နယ်ပါတီ နာယကများ မြောက်ပိုင်းခရိုင် ကော်မတီဝင် မြို့နယ်ပါတီဥက္ကဋ္ဌ နှင့်ကော်မတီဝင်များနှင့် ယမန်နေ့ နေလည် ၁၂းဝဝ နာရီအချိန်တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။ အစည်းအဝေးသို့ ဗဟိုအတွင်းရေးမှူး ဒေါက်တာ စန်းစန်းနွယ် မြောက်ပိုင်းခရိုင် ကော်မတီဝင် ဒေါ်ချမ်းမြအေး ရွှေပြည်သာမြို့နယ် ပါတီနာယကများ ဖြစ်ကြသော ဦးရဲဆွေလှိုင် ဦးမျိုးဝင်းညွှန့် ဒေါက်တာညီညီစိုး ရွှေပြည်သာမြို့နယ် ပါတီဥက္ကဋ္ဌ ဦးလင်းအောင်အောင် အတွင်းရေးမှူး ဦးဇေယျာဝင်းနှင့် မြို့နယ်ကော်မတီဝင်များ စုံလင်စွာ တက်ရောက်ခဲ့ကြပီး ၂၀၂၀ ရွေးကောက်ပွဲ အတွက် အစီအမံများ ရွေးကော်ပွဲအောင်နိုင်ရေး ကော်မတီဝင်များနှင့် ရှေ့လုပ်ငန်းစဉ်များကို တိုင်ပင်ဆွေးနွေး ခဲ့ကြပီး အစည်းအဝေးအား ၁းဝဝ အချိန်တွင် အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ ဘိုတေ(ရွှေပြည်သာ)