သယ်ယူပို့ဆောင်ရေး ဒုံးယာဉ်သစ်တစ်စင်း ဇွန် ၂၅ ရက်မှ ၂၉ ရက်အတွင်း တရုတ်ပစ်လွှတ်မည်

13502114_1041001605992726_7376814079533334043_n

တရုတ်နိုင်ငံသည် ဇွန် ၂၅ ရက်မှ ၂၉ ရက်အကြားတွင် လောင်းမတ်ခ်ျ-၇ အမျိုးအစားမျိုးဆက်သစ် သယ်ယူ ပို့ဆောင်ရေး ဒုံးပျံယာဉ် တစ်စင်းကို နိုင်ငံတောင်ပိုင်း ဒုံးယာဉ်လွှတ်တင် ရေးစခန်းတစ်ခုမှနေ၍ လွှတ်တင်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံ၏ လူ လိုက်ပါသော အာကာသအင်ဂျင်နီယာ လုပ်ငန်းရုံးက ဇွန် ၂၂ ရက်တွင် ပြောကြားသည်။

အဆိုပါဒုံးပျံယာဉ်ကို ဇန်နဝါရီ ၂၂ ရက် နံနက်က လွှတ်တင်ရေးစင်မြင့် ရှိရာသို့ သယ်ဆောင်ရာတွင် ဒေါင်လိုက် အနေအထားဖြင့် သုံးနာရီကြာ သယ်ဆောင် ခဲ့ရကြောင်း သတင်းတွင် ဖော်ပြသည်။

ယခုပစ်လွှတ်သည့် လောင်း မတ်ခ်ျ-၇ အမျိုးအစား ဒုံးပျံယာဉ်မှာ အလယ်အလတ်တန်းစားသယ်ယူ ပို့ဆောင်ရေး ဒုံးပျံယာဉ်ဖြစ်ပြီး အလေး ချိန် ၁၃ ဒသမ ၅ တန်ကို အနိမ့်ကမ္ဘာ ပတ်လမ်းအတွင်းသို့ သယ်ဆောင် နိုင်စွမ်းရှိသည်။ အဆိုပါဒုံးယာဉ်သည် တရုတ်နိုင်ငံက အာကာသအတွင်း စခန်းယာဉ်တစ်ခု တည်ဆောက်ရေး စီမံကိန်းအတွက် အဓိကကျသော အာကာသ သယ်ယူပို့ဆောင်ရေး ဒုံးယာဉ်ဖြစ်လာမည်ဟု မျှော်လင့်ရသည်။

တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန် ပြည်နယ် ဝမ်ချန်းမြို့သို့ အဆိုပါအမျိုး အစား ဒုံးပျံယာဉ်ကို မေလအတွင်းက ပို့ဆောင်ခဲ့ပြီး အပြီးသတ်တပ်ဆင်မှုနှင့်စမ်းသပ်မှုများ ဆက်လက်ပြုလုပ်ခဲ့သည်။ ဝမ်ချန်းမြို့တွင် ပြုလုပ်မည့်လောင်း မတ်ခ်ျ-၇ အမျိုးအစားသယ်ယူ ပို့ဆောင်ရေး ဒုံးယာဉ်စမ်းသပ် ပစ်လွှတ်မှုမှာ စတုတ္ထအကြိမ် ဖြစ်ပြီး ယင်းအမျိုးအစား ဒုံးယာဉ်၏ အပြီးသတ် တည်ဆောက်မှုမှာ ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလတွင် ပြီးဆုံးခဲ့သည်။

ဒုံးပျံယာဉ်ပစ်လွှတ်မှုကို စောင့် ကြည့်ရန်အတွက် လာရောက်ကြသည့် ခရီးသွားများနှင့် ဒေသတွင်းရှိ ဟိုတယ်များ၌ တည်းခိုသူများနှင့် ပြည့်နှက်နေကြောင်း ဒေသခံခရီး သွားလုပ်ငန်းဌာနက ပြောကြားသည်။ ဝမ်ချန်းမြို့တွင် တည်ရှိသော ဟိုတယ်များမှာ ခရီးသည်ဦးရေ ၈ဝဝဝဝ ခန့်ကိုသာ လက်ခံထားနိုင်ပြီး အဆိုပါ ဒုံးယာဉ်ပစ်လွှတ်ချိန် မတိုင်မီအထိ ခရီးသည်ဦးရေတိုးတက်လာနိုင်ကြောင်း သတင်းတွင် ဖော်ပြသည်။

(ဆင်ဟွာ)


Leave a Reply