MPU ကတ်အား Myanpay တွင် အသုံးပြုရန်အတွက် အွန်လိုင်းမှလျှောက်ထားနိုင်

MPU ကတ်အား Myanpay တွင် အသုံးပြုရန်အတွက် အွန်လိုင်းမှ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။ MPU ကတ်အား အွန်လိုင်းငွေပေးချေမှုစနစ်ဖြစ်သည့် Myanpay တွင် အသုံးပြုနိုင်ရန်အတွက် ဘဏ်သို့ သွားစရာ မလိုဘဲ လျှောက်ထားနိုင်ကြောင်း၊ အွန်လိုင်းပေါ်မှတစ်ဆင့် MPU e-Commerce တိုက်ရိုက်လျှောက်ထား နိုင် ကြောင်း ဆိုသည်။

New Picture

ထိုသို့ လျှောက်ထားရန်အတွက်  www.mpu.com.mm  သို့မဟုတ်  www.myanmarpaymentunion.com  သို့ သွားရောက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဝင်ရောက်ပြီးပါက menu bar ပေါ်ရှိ e-Commerce Online Enrollment ကိုနှိပ်ပြီး မိမိ၏ MPU ကတ်နံပါတ်၊ အမည်၊ မှတ်ပုံတင်နံပါတ်တို့ကို ဖြည့်စွက်ပြီး တိုက်ရိုက် လျှောက်ထားနိုင်ကြောင်း သိရသည်။

လျှောက်ထားခြင်းအတွက် သုံးရက်ခန့်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ အင်တာနက် အသုံးပြုသူများအနေဖြင့် MyanPay ငွေပေးချေမှု အကောင့်အား Internet ပေါ်တွင် အခမဲ့ဖွင့်နိုင်ပြီး မိမိ၏ MyanPay အကောင့်အတွင်းသို့ CB Bank ၏ Mobile Banking စနစ်မှ ငွေဖြည့်သွင်း၍ ချက်ချင်းအသုံးပြုနိုင်ရန်လည်း ဆောင်ရွက်ခဲ့ကြောင်း ဆိုသည်။ MyanPay စနစ်မှာ အင်တာနက်မှ တစ်ဆင့် ငွေပေးချေခြင်း၊ ငွေလွှဲပေးပို့ခြင်း၊ ငွေလက်ခံခြင်းတို့အား ဝန်ဆောင်မှု ပေးခြင်းဖြစ်သည်။

ငွေလွှဲပေးပို့ရာတွင် MyanPay အကောင့်အချင်းချင်း (သို့) ငွေလွှဲပြောင်း ပေးပို့လိုသူ၏ အီးမေးလ်လိပ်စာ သိရှိ ရုံဖြင့် ပေးပို့နိုင်မည်ဖြစ်ကြောင်း၊ ပေးပို့လိုသော အီးမေးလ်ထံသို့ MyanPay အကောင့်တစ်ခု ရယူ၍ ငွေလက်ခံရန် အကြောင်းကြား ပေးပို့ပေးကြောင်း သိရသည်။

ငွေလက်ခံရာတွင် အွန်လိုင်းပေါ်၌ အမြဲရှိနေရန် မလိုအပ်ဘဲ မိုဘိုင်းဖုန်းသို့ စာတိုပို့စနစ်ဖြင့် အကြောင်းကြား ပေးကြောင်း သိရသည်။


Leave a Reply