ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အလှူငွေသွားရောက်လှူဒါန်းခြင်း

 

ကယား ၊ မေ ၁၆

ယနေ့ ၁၆-၅-၂၀၁၉ရက်နေ့ နေ့လည် (၁း၀၀)နာရီအချိန် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်း ဦးဆောင်သောအဖွဲ့သည် လွိုင်ကော်မြို့နယ် ဒေါပေါ်ကလဲကျေးရွာအုပ်စု ဒေါဆော်လိရွာ (၁၅-၅-၂၀၁၉)ရက်နေ့ ည(၈း၁၅) နာရီအချိန် မီးလောင်သွားသော ဦးငါးရယ် နေအိမ်အား ဦးငါးရယ်မိသားစုကို သွားရောက်အားပေးစကား ပြောကြားပြီး အလှူငွေ ပေးအပ်လှူဒါန်း ပါသည်။

ယင်းသို့ သွားရောက်ရာတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်း ပြည်နယ်ပါတီနာယက ဦးတောရယ်နှင့် ဦးခီးရယ် ပြည်နယ်အတွင်းရေးမှူး ဦးကျော်မြင့် ပြည်နယ်ကော်မတီဝင်များဖြစ်ကြသော ဦးတင်ဦး ဦးရဲဝင်း ဒေါ်ဗျားမြာမောင်နှင့် ဒေါ်နန်းယဉ်သီတာ ထွေး လွိုင်ကော်ခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးကွယ်ရယ်ဖိုးတို့ သွားရောက် ကြောင်း သတင်းရရှိသည်။

ထာဝရ မြေချစ်သူ