ရွေးကောက်ပွဲ၊ ပါတီ၊ လွှတ်တော်နှင့် သက်ဆိုင်သည့်အချက်အလက်များကို စုစည်းထားသည့် Website လွှင့်တင်

ရွေးကောက်ပွဲ၊ ပါတီ၊လွှတ်တော်နှင့်သက်ဆိုင်သည့် အချက်အလက်များကို စုစည်းတင်ပြပေးမည့် http://www. mypilar. org website ကို လွှင့်တင်လိုက်ကြောင်း သိရသည်။

New Picture (1)

အဆိုပါ website အား ဇွန်လ (၁၁) ရက်နေ့တွင် စတင်လွှင့်တင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဝက်ဘ်ကို ငွေကြေးအရ United States Agency for International Development (USAID) က ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။ “အခုက ရွေးကောက်ပွဲ၊ ပါတီ၊ လွှတ်တော်က အချက်အလက်တွေကို တင်ဆက်နိုင်သေးတယ်။ မကြာခင်မှာတော့ အစိုးရနဲ့ သက်ဆိုင်တဲ့အချက်အလက်တွေကိုပါ တင်ဆက်နိုင်တော့မှာပါ” ဟု website မှ တာဝန်ရှိသူ ဒေါ်မြတ်သဲသစ္စာက ဆိုသည်။

ယခုတင်ဆက်လိုက်သော http://www.mypilar.org website သည် သတင်း website တစ်ခုမဟုတ်ဘဲ သတင်း အချက်အလက်နှင့် ခွဲခြမ်းစိတ်ဖြာထားသော သတင်းအချက်အလက်များကိုသာ တင်ဆက်ပေးသည့် website တစ်ခုလည်း ဖြစ်သည်။

” အချက်အလက်တွေကို ယူတဲ့နေရာတွေစုံပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေဆိုရင်တော့ အဲဒီ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက လွှတ်တော်တွေကနေ တိုက်ရိုက်ရယူပါတယ်။ website က အချက်အလက် တွေကိုလည်း အများပြည်သူက ပြန်လည်ရယူ အသုံးပြုနိုင်ပါတယ်” ဟု ဒေါ်မြတ်သဲသစ္စာက ပြောသည်။

websiteတွင် ရွေးကောက်ပွဲများ၊ နိုင်ငံရေးပါတီများ ၊ လွှတ်တော်များ၊ စာအုပ်စာတမ်း နှင့် အချက်အလက်များကို တင်ဆက်ထားသည့်အပြင် သုံးစွဲသူများအနေဖြင့် မြန်မာ့နိုင်ငံရေး သတင်းအချက်အလက်ဆိုင်ရာ စာအုပ်စာတမ်း များကိုလည်း ပြန်လည်မျှဝေ တင်ဆက်နိုင်ရန် ဖန်တီးပေးထားကြောင်း သိရသည်။


Leave a Reply