ဗဟိုအမျိုးသမီး​ညီလာခံအကြိုနှီး​နှောဖလှယ်​ပွဲ (ကချင်​ပြည်​နယ်​) ကျင်းပခြင်း

မြစ်​ကြီးနား၊ ဒီဇင်​ဘာ ၇

ယ​နေ့ (၇-၁၂-၂၀၁၈) ရက်​​နေ့ နံနက်​ ၀၉း၀၀ နာရ်ီအချိန်မှ ၁၀း၀၀ နာရီအချိန်​တွင်​ ကချင်​ပြည်​နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ပြည်​နယ်​ပါတီရုံး အစည်းအ​ဝေးခန်းမကြီး၌ ဗဟိုအမျိုးသမီး​ညီလာခံအကြိုနှီး​နှောဖလှယ်​ပွဲကို နိုင်​ငံ​တော်​အလံအ​လေးပြုခြင်း၊ နိုင်​ငံ​တော်​သီချင်း၊ ဂုဏ်​ပြုသီချင်းဖြစ်​​သော “ပိုမို​တောက်​ပ​သောအနာဂတ်​ဆီ” သီချင်းကိုသီဆို၍ ပထမပိုင်း အခမ်းအနားအစီအစဉ်​ကို စတင်​ခဲ့သည်။

အဆိုပါ အခမ်းအနားတွင်​ ပြည်​နယ်​ပါတီဥက္ကဌ ဦးရားဝမ်​ဂျုံက အဖွင့်​အမှာစကား​ပြောကြားခဲ့ပြီး၊ ပြည်​နယ်​ပါတီ​ကော်​မတီဝင်​ အမျိုးသမီး​ရေးရာတာဝန်​ခံ ​ဒေါ်ရှီး​ဇော်​လွမ်းလမ်းက အမျိုးသမီးညီလာခံ ကျင်းပရခြင်းနှင့်ပတ်​သက်​၍ ရှင်းလင်း တင်​ပြခြင်းတို့ဖြင့် ပထမပိုင်း အခမ်းအနားအစီအစဉ်​ ​ခေတ္တရပ်​နားခဲ့ကြပါသည်​။

အခမ်းအနားသို့ ပြည်​နယ်​၊ ခရိုင်​၊ မြို့နယ်​အသီးသီးမှ ကိုယ်​စားလှယ်​များ၊ ရပ်​\​ကျေး အမျိုးသမီး​ကော်​မတီဝင်​များ၊ ပါတီဝင်​များ၊ ဖိတ်​ကြားထား​သော ဧည့်သည်တော်များ စုစုပေါင်း အင်အား (၄၀၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

USDP KACHIN