သပြေကုန်းကျေးရွာ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနား ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးတက်ရောက်

 မြန်အောင် ဒီဇင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ် သပြေကုန်းတိုက်နယ်၊သပြေကုန်းကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီဝင် အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့သည်။ အခမ်းအနားကို ပြည်ထောင်စုကြံ့ခိုင်ရေးဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်ဇနီး ဗဟိုအတွင်းရေးမှူ ဦးသန်းထွန်း၊ ဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့် ဗဟိုပါတီကော်မတီ ဝင်များ တိုင်းဒေသကြီးပါတီကော်မတီဝင်များ ခရိုင်မြို့နယ်မှတာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး အခမ်းအနားအား နိုင်ငံတော်အလံအလေးပြုခြင်း နိုင်ငံတော်သီချင်းသီဆိုခြင်းတို့ဖြင့် ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ပါတီဝင်အသစ်များမှ ပြည်ခိုင်ဖြိုးပါတီသို့ ဝင်ရောက်လာရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ရပ်မိရပ်ဖများ ဒေသခံများ ဒေသအခြေအနေများ ယခင်ယခု ကွာခြားမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးနေဝင်ဇော်မှ အခမ်းအနားနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် ပါတီဥက္ကဋ္ဌနှင့်ပါတီတာဝန်ရှိသူများမှ ပါတီဝင်အသစ်များအား ရင်ထိုးတံဆိပ် များ တပ်ဆင်ပေးခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ အခမ်းအနား အား ” ပြည်ခိုင်ဖြိုးဟေ့” သီချင်း သံပြိုင်သီဆို၍ ရုတ်သိမ်းခဲ့သည်။