ပဲခူးတိုင်းဒေသကြီး (အနောက်) ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်

ပြည်၊ ဒီဇင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး (အနောက်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှော ဖလှယ်ပွဲအခမ်းအနားအား ပြည်မြို့ရှိ Wish ခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်ဇနီး ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ ဗဟိုအလုပ်မှုဆောင် ဦးအောင်တင်မြင်၊့ ဗဟိုအလုပ်အမှု ဆောင် ဦးလှသိန်းဆွေ၊ ဗဟိုအတိုင်ပင်ခံ ဦးဥာဏ်ဝင်း၊ ပဲခူးတိုင်းဒေသကြီး ဒုတိယဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ ဗဟို ကော်မတီဝင်များ တိုင်း၊ခရိုင်၊မြို့နယ်များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ အခမ်းအနားအား နိုင်ငံတော် အလံအား အလေးပြု၍ နိုင်ငံတော်သီချင်း သီဆိုဖွင့်လှစ်ခဲ့ပြီး အနုပညာရှင်အမျိုးသမီးများမှ “မင်္ဂလာပါ” သီချင်းဖြင့် သီဆိုဖျော်ဖြေခြင်း၊ ပါတီဝင်အမျိုးသမီးကိုယ်စာလှယ်များမှ ပျူယဉ်ကျေးမှု အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ သည်။ ထို့နောက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ပါတီဗဟိုအတိုင်ပင်ခံ ဦးဥာဏ်ဝင်းမှ လမ်းညွှန်အမှာစကားပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး (အနောက်) အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ထားထားနုမှ အခမ်းအနားနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး (အနောက်) အတွင်းရှိ ခရိုင် (၂)  ခရိုင်၊ မြို့နယ် (၁၄) မြို့နယ်မှ တက်ရောက် သူ (၇၀၀) ခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။