ချောင်းဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ​လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေး ကျင်းပပြုလုပ်

ချောင်းဦး ၊ ဒီဇင်​ဘာ ၆

စစ်​ကိုင်းတိုင်း​ဒေသကြီး မုံရွာခရိုင်​ ​ချောင်းဦးမြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးကို မြို့နယ်​ပါတီ အစည်းအ​ဝေးခန်းမ၌ ၁၁း ၀၀ နာရီအချိန်တွင်​ ကျင်းပပြုလုပ်​ခဲ့ပါ သည်။ အစည်းအ​ဝေးတွင်​ ဗဟိုပါတီ​ကော်​မတီဝင်​ တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​ မုံရွာခရိုင်​တာဝန်​ခံ ​ဒေါက်​တာ ဝင်းမြင့်​​အောင်​ တက်​​ရောက်​ အမှာစကား​ပြောကြားပြီး ၊မြို့နယ်​ပါတီနာယက ဦးသန်းထိုက်​က အကြံပြု ​ဆွေး​နွေးခြင်း၊ မုံရွာခရိုင်​ပါတီဥက္ကဋ္ဌ ဦး​အောင်​တိုးမှလည်း လက်​ရှိဖြစ်​​ပေါ်​နေ​သော နိုင်​ငံ​ရေးအ​ခြေအ​နေများ ပါတီလှုပ်​ရှား ​ဆောင်​ရွက်​​နေမှုများကို တင်​ပြ​ဆွေး​နွေးကာ တက်​​ရောက်​လာသူများက မိမိတို့​ဒေသ လက်​ရှိဖြစ်​​ပေါ်​နေ​သော အ​ခြေအ​နေများကို အသီးသီးတင်​ပြ​ဆွေး​နွေးကြပြီး အစည်းအ​ဝေးကို ဆုံးဖြတ်​ချက်​များချမှတ်ခြင်း၊ မှတ်​တမ်းတင်​ခြင်း၊ အတည်​ပြုခြင်းများ ဆောင်​ရွက်​ကြပါသည်​။ ယ​နေ့အစည်းအ​ဝေးသို့ ဗဟိုပါတီ​ကော်​မတီဝင်​ တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​ မုံရွာခရိုင်​တာဝန်​ခံ ​ဒေါက်​တာ ဝင်းမြင့်​အောင်​၊ မုံရွာခရိုင်​ပါတီဥက္ကဋ္ဌ ဦး​အောင်​တိုး၊ မြို့နယ်​ပါတီနာယက ဦးသန်းထိုက်​နှင့် မုံရွာ ခရိုင်​ပါတီ​ကော်​မတီဝင်​များ၊ မြို့နယ်​ပါတီဥက္ကဋ္ဌ ဦး​သောင်းထိုက်​နှင့် မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊ အရံမြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊ ရပ်​ကွက်​နှင့်​ကျေးရွာပါတီဥက္ကဋ္ဌများ စုစု​ပေါင်းအင်​အား ( ၅၉ ) ဦး တက်​​ရောက်​ခဲ့ကြပါသည်​။ ​ စက – ၀၀၈