အင်ဒိုနီးရှား၌ ခွဲထွက်ရေးအုပ်စုများက အလုပ်သမား ၃ဝ ကျော်ကို သတ်ဖြတ်ခဲ့ဟု သတင်းထွက်ပေါ်

ဂျကာတာ ဒီဇင်ဘာ ၅

အင်ဒိုနီးရှားနိုင်ငံ ပါပူရာအရှေ့ပိုင်း ပြည်နယ်တွင် ဆောက်လုပ်ရေးလုပ်သား ၃ဝ ကျော် သတ်ဖြတ်ခံခဲ့ရကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ယင်းတိုက်ခိုက်မှုကို ခွဲထွက်ရေး သူပုန်အုပ်စုများက လုပ်ဆောင်ခဲ့သည် ဟု ရဲတပ်ဖွဲ့က သံသယဖြစ်လျက် ရှိသည်။

လက်နက်ကိုင် သူပုန်အုပ်စုတစ်စုသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က လမ်းဖောက်လုပ်နေသည့် လုပ်ငန်းခွင် တစ်ခုကို စီးနင်းတိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ကြသူများသည် နိုင်ငံပိုင်ကုမ္ပဏီတစ်ခုမှ အလုပ်သမားများ ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြော သည်။

ပါပူရာပြည်နယ်ကို အင်ဒိုနီးရှား နိုင်ငံမှ ခွဲထွက်ကာ လွတ်လပ်ရေးရရှိရန် ကြိုးပမ်းနေကြသည့် လက်နက်ကိုင်အုပ်စု တစ်စုတို့ ယင်းတိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်နိုင်ရန် ဖြစ်နိုင်ခြေရှိသည်ဟု အာဏာပိုင်များက ယူဆလျက်ရှိသည်။ ရဲတပ်ဖွဲ့နှင့် တပ်မတော်အင်အားစုများ က အဆိုပါအဖွဲ့အား ရှာဖွေလျက်ရှိသည်။

ခွဲထွက်ရေးအုပ်စုများသည် အင်ဒိုနီးရှားအစိုးရနှင့် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ၄င်းအုပ်စုက အစိုးရ သည် ယင်းပြည်နယ်အတွင်းရှိ ကြွယ်ဝသည့် သယံဇာတများမှရရှိသည့် အကျိုးအမြတ်များကို ဒေသအဖွဲ့အစည်း များကို ခွဲဝေပေးခဲ့ခြင်းမရှိဟု စွပ်စွဲထားကြောင်း သိရသည်။

အေအက်ဖ်ပီ၊ အင်န်အိတ်ခ်ျကေ