ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီ သတ္တမအကြိမ်မြောက် ပညာသင်စားရိတ် ထောက်ပံ့ပွဲ တက်ရောက်

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ပညာရည်ထူးချွန်သည့် ပါတီဝင်များ၏သားသမီး (၁၇) ယောက်ကို ပညာသင်စားရိတ် ချီးမြှင့်ခဲ့သည်မှာ ယခုအခါ သတ္တမအကြိမ်အဖြစ် နိုဝင်ဘာလ (၂၉) ရက်က ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီ ကော်မတီရုံးတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါပညာသင်စားရိတ် ထောက်ပံ့ပေးအပ်ပွဲသို့ ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီဥက္ကဌ ပါတီဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုး၊ ပါတီဗဟိုကော်မတီဝင် ဦးတင်မောင်ဝင်း၊ အရန်ဗဟိုကော်မတီဝင် ဒေါက်တာမြင့်သိန်း နှင့် ဒေါ်အေးအေးမြင့် နှင့် ကျောင်းသားမိဘများ ပညာသင်ထောက်ပံ့ကြေး ရရှိကြသော ကျောင်းသားကျောင်းသူ (၁၇) ဦးတို့ တက်ရောက်ကြသည်။

အစီအစဉ်အရ ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းပါတီဥက္ကဌ ဦးခင်မောင်စိုးမှ အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် နှစ်ရာပေါင်းမြောက်မြားစွာကတည်းက ခိုင်ခိုင်မာမာရပ်တည်ခဲ့သော ထေရဝါဒဗုဒ္ဓဘာသာ နိုင်ငံ တစ်ခု ဖြစ်ကြောင်း သားတို့သမီးတို့အနေဖြင့် ပညာကိုကြိုးကြိုးစားစား သင်ယူကြပြီး မြန်မာနိုင်ငံတော်ကြီး ပြိုကွဲပျက်စီးမသွားစေရန် မိမိတို့သင်ယူထားသော အတတ်ပညာဖြင့် ကျရာအခန်းကဏ္ဍမှ အဆင့်အတန်းမြင့်မြင့် တာဝန်ယူဆောင်ရွက်နိုင်ရန် ကြိုးစားကြစေခြင်ကြောင်း ပြောကြားသည်။

ဆက်လက်၍ အရန်ဗဟိုကော်မတီဝင် ဒေါက်တာမြင့်သိန်းမှ ဝမ်းသာပီတိစကား ပြောကြားသည်။ ထို့နောက် ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းပါတီဥက္ကဌ ဦးခင်မောင်စိုး နှင့် တာဝန်ရှိသူများမှ ပညာသင်စားရိတ်ရရှိသူ ကျောင်းသားကျောင်းသူ (၁၇) ဦးအား ပညာသင်စားရိတ် (၂၈၄၀၀၀၀) ကျပ်ကို ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ထိန်ဝင်း(YGN)