ရခိုင်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန် MIC စီစဉ်

ဒုတိယမြောက် ဖွံ့ဖြိုးမှု အနည်းဆုံး ပြည်နယ်တစ်ခုဖြစ်သော ရခိုင်ပြည်နယ်တွင် ပြည်တွင်း၊ ပြည်ပရင်းနှီး မြှုပ်နှံမှုများ တိုးမြှင့်နိုင်ရန် ကြိုးစားနေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မ ရှင် (MIC) အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။ ၂၀၁၉ နှစ်ဆန်းပိုင်းတွင် ရခိုင်ပြည်နယ် ငပလီ၌ ရင်းနှီးမြှုပ် နှံမှုပြပွဲတစ်ခုပြုလုပ်ရန် စီစဉ်နေ သည်ဟု ၎င်းက ပြောသည်။

‘‘ရခိုင်မှာ ရင်းနှီးမြှုပ်နှံဖို့လာ စုံစမ်းတာတွေ၊ လုပ်ချင်သူတွေ ရှိနေတယ်’’ဟု ဦးအောင်နိုင်ဦးက ပြောသည်။ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်၊ ကျောက်ဖြူ-ကူမင်း ရေနံပိုက် လိုင်းနှင့် ဂက်စ်ပိုက်လိုင်းတို့က ရခိုင်ပြည်နယ်ကို လူသိများစေသည့် စီမံကိန်းများဖြစ်သည်။ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများ ကလည်း နိုင်ငံခြားကုမ္ပဏီများကို စီးပွားရေးအရ ဆွဲဆောင်ထားနိုင်သည်။

သို့သော် ကုန်းတွင်းပိုင်းတွင် ရင်နှီးမြှုပ်နှံလိုသည့် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များအတွက် ရင်နှီးမြှုပ်နှံမှု ပြပွဲပြုလုပ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ဦးအောင်နိုင်ဦး က ရှင်းပြသည်။ ‘‘ရခိုင်ဆိုရင် ကျောက်ဖြူ လောက်ပဲ အခုထိ သိသေးတယ်။ တခြားနေရာတွေမှာလည်း ရင်းနှီး မြှုပ်နှံမှုအများကြီးလုပ်လို့ရတယ် ဆိုတာကိုသိအောင် လုပ်ပေးဖို့ ပါ’’ဟု ဦးအောင်နိုင်ဦးက ပြော ကြားခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုပြပွဲ စီစဉ်ခြင်း သည် ဒေသခံစီးပွားရေးလုပ်ငန်း ရှင်များနှင့် အသစ်ထပ်မံရောက်ရှိ လာမည့် ရင်းနှီးမြှုပ်နှံသူများ ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ် ကြောင်း ၎င်းက ပြောသည်။ ရခိုင်ပြည်နယ်သည် မြန်မာ နိုင်ငံတွင် ချင်းပြည်နယ်ပြီးလျှင် ဒုတိယဖွံ့ဖြိုးမှု အနည်းဆုံးပြည် နယ်ဖြစ်ပြီး အစိုးရက သတ်မှတ် ထားသည့် ဖွံ့ဖြိုးမှုအနည်းဆုံးဇုန်တွင် ပါဝင်သည်။ ယင်းနေရာတွင် နိုင်ငံခြားသားစီးပွားရေးလုပ်ငန်း ရှင်များ၊ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမည်ဆိုပါ က ဝင်ငွေခွန်ကင်းလွတ်ခွင့် ခုနစ် နှစ်အထိ ခံစားခွင့်ရရှိမည်ဖြစ် သည်။  နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသာမက ပြည်တွင်းရင်းနှီးမြှုပ်နှံသူများ အတွက် လျှပ်စစ်မီးရရှိရေးက အရေးကြီး သည်ဟု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောသည်။