ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများ၌ အင်န်ဂျီအိုများ၏ လှုပ်ရှားမှုများကို စစ်ဆေးရန် ကော်မတီဖွဲ့စည်း

ဘင်္ဂလားဒေ့ရှ်အစိုးရက ယူခီယာနှင့်တက်ခ်နမ်ဒေသတို့ရှိ ဘင်္ဂါလီဒုက္ခသည်စခန်းများ၌ လူသားမျိုးနွယ်အတွက် ၀န်ဆောင်မှုပေးနေသည်ဆိုသော ခေါင်းစဉ်ဖြင့် အလုပ်လုပ်နေသော အစိုးရ မဟုတ်သည့်အဖွဲ့အစည်း(NGO) အချို့၏ လှုပ်ရှားမှု များကိုစောင့်ကြည့်ပြီး လိုအပ် သောအရေးယူဆောင်ရွက်မှုပြု လုပ်ရေး ကော်မတီတစ်ရပ်ဖွဲ့ စည်းခဲ့သည်။ ယင်း NGO အချို့နှင့် ပတ်သက်ပြီး ဒေသတွင်း လူ့အသိုင်း အ၀ိုင်းကိုယ်စားလှယ်များက စိတ် ပျက်နေပြီး ယင်းအဖွဲ့အစည်းများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ကာ လိုအပ်သော အရေးယူဆောင်ရွက်မှု ပြုလုပ်ရန် တောင်းဆိုခဲ့သည်။

အူပါဇီလာဒေ သအစိုးရအဖွဲ့က ကျန်းမာရေးနှင့် မိသားစုစီမံကိန်းအရာရှိ ဒေါက်တာ မီဂျဘာအူဒင် ဦးဆောင်သည့် အဖွဲ့ဝင် ၁၁ ဦးပါဝင်သော ကော်မတီတစ်ရပ်ဖွဲ့စည်းကာ အဆိုပါ NGO များ၏ လုပ်ရပ်များကို ကြီးကြပ်မည် ဖြစ်ကြောင်း ဆိုသည်။ ယင်းကော်မတီအနေဖြင့် လာမည့် ဥပဒေစိုးမိုးရေးကော်မတီအစည်းအဝေး၌ NGO များကို သီး ခြားဖော်ထုတ်၍ အစီရင်ခံစာတစ် ရပ်ရေးသားတင်ပြရန် နောက်ဆုံး ရက်သတ်မှတ်ပေးထားသည်။ အူပါဇီလာ ဥပဒေစိုးမိုးရေး ကော်မတီအစည်းအဝေးကို လစဉ်ကျင်းပလေ့ရှိသည်။ ယင်းအစည်းအဝေးများကို အရာရှိချုပ် နီ ကာရူဇာမန်က အကြီးအမှူးပြု၍ ကျင်းပသည်။

NGO အချို့သည် လူသားချင်းစာနာရေး အကြောင်းပြချက်ကို အသုံးချကာ ငွေရှာနေသည်ဟု ဒေသခ ပြည်သူများက စွပ်စွဲထားသည်။ ကူညီရေးပစ္စည်းများ ဖြန့်ဝေရာတွင် ဒုက္ခသည်များကို အရည်အသွေးညံ့သော (သို့မ ဟုတ်) အသုံးမ၀င်သောပစ္စည်း များ ပေးနေခြင်းကြောင့် ဘင်္ဂါလီဒုက္ခသည်များ စိတ်ပျက်နေ ကြောင်းလည်း Coxsbazarnews သတင်းဌာနက ဖော်ပြထားသည်။ ထို့အပြင် ဘင်္ဂလားဒေ့ရှ်တွင် ခိုလှုံနေသော ဒုက္ခသည် များကြား မြန်မာနိုင်ငံသို့ ပြန်ပို့မည့်အရေး နှင့်ပတ်သက်၍ အထင်မှားစေ သော သတင်းများကို ယင်း NGO များက ဖန်တီးနေသည်ဆိုသည်။ ဒုက္ခသည်စခန်းများ၌ တရားဥပဒေစိုးမိုးရေးအကြောင်း ပြချက်ဖြင့် အဆိုပါ NGO များ၏ လှုပ်ရှားမှုများအားလုံးကို စောင့်ကြည့်ကာ ဥပဒေအရ အရေးယူပေးရန် ပြည်သူ့ကိုယ်စားလှယ်များက တောင်းဆို ထားသည်။

အရေးမယူပေးပါက ပြည် သူလူထုနှင့်အတူ ယင်း NGO များ ကို လမ်းပေါ်ထွက်၍ ဆန့်ကျင် ဆန္ဒပြမည်ဟု ၎င်းကိုယ်စားလှယ် များက ခြိမ်းခြောက်ထားသည်။ ယင်းကဲ့သို့ စွပ်စွဲမှုများကို အခြေခံ၍ အဖွဲ့ဝင် ၁၁ ဦး ပါဝင် သော စုံစမ်းစစ်ဆေးရေးကော်မ တီကို ဖွဲ့စည်းပြီး ပညာရေးအရာ ရှိ၊ လူမှုဖူလုံရေးအရာရှိနှင့် အခြား ဒေသဆိုင်ရာ အရာရှိများလည်း ပါဝင်သည်။

—Ref: Coxsbazarnews