ဒဂုံမြို့သစ်(တောင်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ ပြည်သူများအား သွားနှင့်ခံတွင်း အခမဲ့ ကုသ

 

ရန်ကုန်၊ နိုဝင်ဘာ ၁၄

ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အမှတ် (၁၈) ရပ်ကွက် ရွှေစေတီကျောင်းတိုက်တွင် သွား နှင့် ခံတွင်းအခမဲ့ကုသမှုဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီတွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ သွားနှင့်ခံတွင်းကုသမှုဆောင်ရွက်ရာသို့ ပါတီဗဟို ကော်မတီဝင် ဒေါ်စန်းစန်းဝင်း(ဒဂုံတောင်နယ်မြေတာဝန်ခံ)၊ တိုင်းဒေသကြီးပါတီကော်မတီဝင်ဒေါ်မိုးမိုးအိ(လူငယ်တာဝန်ခံ)၊ အရှေ့ ပိုင်းခရိုင်ကော်မတီဝင်ဦးဝဏ္ဏမျိုး(ဘဏ္ဍာရေးမှူး)၊ ဒဂုံတောင်မြို့ နယ်ပါတီဥက္ကဋ္ဌဒေါ်စမ်းစမ်းဌေးနှင့်ကော်မတီဝင်များ၊ လူငယ် ရေးရာတာဝန်ခံ ဦးဇော်မင်းထွန်းနှင့်မြို့နယ်လူငယ်ထုအဖွဲ့ဝင်များ၊ (၁၈) ရပ်ကွက် ရပ်/ကျေးဥက္ကဋ္ဌနှင့် ကော်မတီဝင်များက သွား ဝေဒနာရှင်များကို စေတနာမေတ္တာဖြင့် ကုသမှုပေးခြင်းအား ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပါတီဗဟိုကော်မတီဝင် ဒေါ်စန်းစန်းဝင်းက ကျောင်းသုံးဗလာစာအုပ်များအား ရွှေစေတီကျောင်းတိုက်ဆရာတော်အား လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဇော်မင်းထွန်း(ဒဂုံတောင်)