သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ မဒေးကျေးရွာ အ.မ.က ကျောင်းဖွင့်ပွဲသို့တက်ရောက်

 

(14.11.2018) နေ့ နံနက် (9:00) နာရီအချိန် သံတွဲမြို့နယ် မဲနယ်ကွင်းကျေးရွာအုပ်စု မဒေးကျေးရွာတွင် အ.မ.က (ခွဲ) ကျောင်းမှ အ.မ.က ကျောင်း အဆင့်မြှင့်တင် ဖွင့်ပွဲအခမ်းအနားသို့ သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစန်းနိုင်နှင့် လူငယ်စည်တော်အဖွဲ့ တက်ရောက်၍ စည်တော်အဖွဲ့မှ အမကကျောင်းအား ရခိုင်စည်တော်တီးခတ်၍ ဖွင့်လှစ်ပေးပြီး မြို့နယ်ဥက္ကဌမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထိုကျောင်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်ပြီး ကိုယ့်အားကိုယ်ကိုး ကျောင်းရရှိရန် လည်းကောင်း (ခွဲ) ကျောင်းရရှိရန်လည်းကောင်း ကူညီပေးခဲ့ပြီး ထိုကျေးရွာသည် ပြည်ခိုင်ဖြိုးပါတီမှ အနိုင် ရရှိခဲ့သော ရွာဖြစ်သည်။

Shwe Thandwe