မအူပင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပုံမှန်အစည်းအဝေးပြုလုပ်

 

မအူပင် နိုဝင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး မအူ ပင်ခရိုင်မအူပင်မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မြို့နယ်ပါတီ အစည်းအဝေး နှင့်တိုင်းအမျိုးသမီးညီလာခံအစည်းအဝေး တက်ရောက်နိုင်ရေးတွေ့ဆုံ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁ဝနာရီခွဲက မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် တာဝန်ရှိ သူများက ပါတီ၏အခြေအနေ များ၊ မြို့နယ်တွင်ဆက်လက်ဆောင် ရွက်ရမည့်အခြေအနေများကို ရှင်း လင်းပြောကြားခြင်း၊ တိုင်းပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီး နှောဖလှယ်ပွဲအခမ်းအနားတက် ရောက်မည့် အမျိုးသမီးရေးရာအဖွဲ့ ဝင်များအား လိုအပ်သည်များ မှာကြားခြင်းများဆောင်ရွက်ခဲ့သည်။

အစည်းအဝေးသို့ မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးရန်နိုင်၊ မအူပင်မြို့နယ် ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောသောင်း ဒန်နှင့် မြို့နယ်ပါတီကော်မတီဝင် များ၊ မြို့နယ်အရန်ပါတီကော်မတီ ဝင်များနှင့်အမျိုးသမီးရေးရာ ကော် မတီဝင်များတက်ရောက်ခဲ့ကြသည်။

ဖြိုးမောင်ဇော်(မအူပင်)