ကျွန်းတောရပ်ကွက်အုပ်ချုပ်ရေးမှူးဖလားဗိုလ်လုပွဲ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တက်ရောက်အားပေး

 

မိုးကောင်း နိုဝင်ဘာ ၁၂

ကချင်ပြည်နယ် မိုးကောင်းမြို့ ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေး မှူး ဖလားဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်းခွဲအားကစား ကွင်း၌ကျင်းပရာ ကျွန်းတောရပ် ကွက်(က)အသင်းက ဆားမှော် ကျေးရွာအုပ်စု အသင်းကို သုံးဂိုး- နှစ်ဂိုးဖြင့်အနိုင်ရဗိုလ်စွဲသွားသည်။

ထို့နောက် ဆုချီးမြှင့်ပွဲကိုဆက် လက်ကျင်းပရာ မြို့နယ်ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းအောင်နှင့် တာဝန်ရှိသူများက အသင်းလိုက်ဆု များနှင့် တစ်ဦးချင်းဆုများကို အသီးသီးပေးအပ်ကြပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်အေးက အနိုင်ရဗိုလ်စွဲသည့် ကျွန်းတော ရပ်ကွက်(က)အသင်းကို ပထမ ဆုဖလားချီးမြှင့်ခဲ့ကြောင်း သိရ သည်။

ဝင်းအောင်(မိုးကောင်)