ပန်းတနော်မြို့နယ်ပြည်ခိုင်ဖြိုးလူငယ် လုပ်အားဒါနပြု

 

ပန်းတနော် နိုဝင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လူငယ်ရေးရာအဖွဲ့တာဝန်ခံ ဦးစလင်းထွန်းဦးဆောင်သော ပါတီဝင်များသည် ယမန်နေ့ နံနက် ၉နာရီမှစတင်ပြီး ပန်းတနော်မြို့ အရှေ့ပိုင်းရပ်ကွက်ရှိ ညောင်ပင်သာဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း၌ မြက်များ ရှင်းလင်းခြင်း၊ လမ်းမြေကြီးဖို့ခြင်း၊ သစ်ပင်ချုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်းစသည်ဖြင့် စုပေါင်းလုပ်အားဒါန ပြုလုပ်ခဲ့ကြသည်။

အဆိုပါ စုပေါင်းလုပ်အားဒါနပြုပွဲသို့ ပန်း တနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်မင်း သန်းနှင့်မြို့နယ်ပါတီကော်မတီဝင်များ၊ မြို့နယ် လူငယ်ရေးရာတာဝန်ခံ ဦးစလင်းထွန်းနှင့် လူငယ် များ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

မောင်ခိုင်ဖြိုး(ပန်းတနော်)