ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ခရိုင် မြို့နယ်တို့မှ ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ

 

ဖျာပုံ နိုဝင်ဘာ ၁၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်သည် ယမန်နေ့နံနက် ၁ဝ နာရီခွဲမှမွန်းတည့် ၁၂ နာရီအထိ ဧရာဝတီတိုင်း ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဖျာပုံမြို့နယ်ပါတီရုံးတွင် ဖျာပုံခရိုင်ပါတီဥက္ကဋ္ဌ ဦးစန်းမောင်နှင့် ခရိုင်ပါတီဝင်များ၊ ဖျာပုံမြို့နယ် ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင်ပါတီဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်က ကြားဖြတ်ရွေးကောက်ပွဲအကြောင်း၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပါတီလုပ်ငန်းကိစ္စများအား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။