ရွေးကောက်ခံကိုယ်စားလှယ်သစ် ၄ ဦးနှင့် တပ်ကိုယ်စားလှယ် ၈ဦး ကတိသစ္စာပြု

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့  ရွေးကောက်ခံ ကိုယ်စားလှယ် ၄ ဦးနဲ့ တပ်မတော်သား ကိုယ်စားလှယ် ၈ ဦးတို့  ဒီကနေ့ မနက်က ပြည်သူ့လွှတ်တော်မှာ ကတိ သစ္စာပြုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က  အနိုင်ရ လွှတ်တော် ကိုယ်စားလှယ် ၃ ဦးနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်  ၁ဦး ရွေးကောက် တင်မြှောက်ခံခဲ့ရတာပါ။

၂လကျော်ကြာလောက် ရပ်နားထားတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကို ဒီနေ့မနက် ၁၀နာရီမှာ ပြန်လည် စတင်နေပြီး ဒီတကြိမ်လွှတ်တော်မှာ ဆွေးနွေးရမယ့် ဥပဒေကြမ်း ၂၃ခု ရှိတယ်လို့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် က ပြောပါတယ်။

ဒါ့အပြင် အဆို ၁၀ခု တင်ပြဆွေးနွေးဖို့ရှိပြီး  လွှတ်တော်မှာမေးမယ့် မေးခွန်းပေါင်း ၁၂၀ အသင့်ရှိပြီး ဖြစ်တယ်လို့ လည်း လွှတ်တော်ဥက္ကဋ္ဌ က ပြောပါတယ်။

ဒီကနေ့ ပြန်စတင်မယ့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာတော့  ပြည်ထောင်စုဝန်ကြီးဌာန အသစ်တခု ထပ်မံတိုးချဲ့ဖွဲ့စည်းမည့်ကိစ္စ  ဆွေးနွေးကြဖို့ ရှိနေပါတယ်။

DVB