ဖါးဆောင်းမြို့နယ် ခဲမဖြူစေတီကုန်း ဘုန်းတော်ကြီး ကျောင်းတွင် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း

 

ဖါးဆောင်း – နိုဝင်ဘာ ၈

ယနေ့ (၈-၁၁-၂၀၁၈) ရက်နေ့ ကယားပြည်နယ် ဖါးဆောင်းမြို့နယ် ဖါးဆောင်းကျေးရွာအုပ်စု ခဲမဖြူ ကျေးရွာ ခဲမဖြူစေတီကုန်း ဘုန်းတော်ကြီးကျောင်း တွင် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းကြပါသည်။ပထမဦးစွာ နံနက် (၅း၀၀)နာရီအချိန် ဘုရားအနေ ကဇာတင်ပြီး သံဃာတော်အရှင်သူမြတ်တို့အား အာရုံ ဆွမ်းဆက်ကပ်လှူဒါန်းပါသည်။
နံနက်(၁၀း၃၀)နာရီအချိန်တွင် သံဃာတော်အရှင်သူ မြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ကြွရောက်လာကြသော ဧည့်ပရိတ်သတ်များအား ဧည့်ခံကျွေးမွေးပါသည်။
နေ့လည်(၁၂း၃၀)နာရီအချိန်တွင် တော်မော့ဆရာ တော် ဦးဇဝဏထံမှ အန္တာရာယ်ကင်းပရိတ်တရား နာယူကြပြီး ကထိန်သင်္ကန်းများဆက်ကပ်လှူ ဒါန်းကာ ကထိန်အကျိုးတရား များကိုနာယူကြပြီး ရေစက်သွန်းချ အမျှဝေပါသည်။
ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ အလှူရှင်များ ဖါးဆောင်းမြို့ နယ် ဌာနဆိုင်ရာများ ဖါးဆောင်းမြို့နယ် ဒေသခံများ ဖါးဆောင်းမြို့ နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသာစိန် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင် ဒေါ်နန်းယဉ်သီတာထွေး (ဖါးဆောင်းမြို့နယ်တာဝန်ခံ) နှင့် ပြည်နယ်ကော်မတီဝင် ဒေါ်ဗျားမြာမောင် ဖါးဆောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးခင်မောင်ညိုနှင့် မြို့နယ် ကော်မတီဝင်များ ပြည်ခိုင်ဖြိုးပါတီ လူငယ်အဖွဲ့နှင့် အမျိုးသမီး အဖွဲ့များ ပရဟိတအဖွဲ့များ စုပေါင်းကာ လုပ်အားဒါနကုသိုလ်ယူကြကြောင်း သတင်းရရှိသည်။

ထာဝရ မြေချစ်သူ