ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီးညီလာခံ အကြိုနှီးနှောဖလှယ်ပွဲ ကျင်းပပြုလုပ်နိုင်ရေး အစည်းအဝေးပြုလုပ်

 

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့ နံနက်(၀၉း၀၀)အချိန်တွင် ရခိုင်ပြည်နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်အမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲ ကျင်းပနိုင်ရေးအတွက် ပြည်နယ်၊ ခရိုင် ပါတီဥက္ကဋ္ဌများနှင့် တွေ့ဆုံပွဲတစ်ရပ်ကို ကျင်းပခဲ့ရာ အဆိုပါ အစည်းအဝေးသို့ ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ(ဗဟိုအလုပ်အမှုဆောင်)၊ ပြည်နယ်အတွင်းရေးမှူး ဦးသန်းဝေ(ဗဟိုကော်မတီဝင်)၊ ပြည်နယ်ဘဏ္ဍာရေးမှူး ဦးသန်းထွန်း (ဗဟိုကော် မတီဝင်)နှင့် ပြည်နယ် ကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဋ္ဌများတက်ရောက်ခဲ့ပြီး ပြည်နယ်ပါတီဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားကာ ပြည်နယ်အတွင်းရေးမှူးမှ ပါတီဆိုင်ရာကိစ္စရပ်များ၊ အမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲ အခမ်းအနားကျင်းပနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသည့် ပြည်နယ်ကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဋ္ဌများမှ လိုအပ်ချက်များနှင့် ပါတီဗဟိုဌာနချုပ် အမျိုးသမီးညီလာခံသို့ ရခိုင်ပြည်နယ်မှ အမျိုးသမီးကိုယ်စားလှယ်များတက်ရောက်နိုင်ရေးအတွက် အကျယ်တ၀င့်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နေ့လည်(၁၄း၀၀)အချိန်တွင် ပြီးဆုံးခဲ့သည်။

Rakhine USDP