ဟင်္သာတမြို့နယ် အခြေခံအလုပ်သမားအနှေးယာဉ်အသင်းသားများ၏ သားသမီးများအားထောက်ပံ့လှူဒါန်း

 

ဟင်္သာတ-နိုဝင်ဘာ ၇

ဟင်္သာတမြို့နယ် ဟင်္သာနေခြည် ဘက်စုံဖွံ့ဖြိုးရေးစင်တာခန်းမ၌ အမှတ် (၅၇ဝ) အခြေခံအလုပ်သမားအနှေးယာဉ် အဖွဲ့အစည်းမှ သားသမီးများဖြစ်သော ကျောင်းသားကျောင်းသူ ၁ဝ၆ ဦးအား သီရိပျံချီဦးဌေးဦးဇနီး ဒေါ်နီနီဝင်းမိသားစု နှင့် ဟင်္သာတခရိုင် မြို့နယ်ပြည်ခိုင်ဖြိုး ပါတီကော်မတီဝင်များ၊ အမျိုးသမီးရေးရာ နှင့် အနှေးယာဉ်အသင်းတို့ပူးပေါင်းပြီး အဝတ်အထည်နှင့်စာရေးကိရိယာများ လှူ ဒါန်းပွဲကျင်းပခဲ့သည်။
အဆိုပါလှူဒါန်းပွဲတွင် သီရိပျံချီ ဦးဌေးဦးကလှူဒါန်းရခြင်းအကြောင်း ရှင်း လင်းပြောကြားပြီး ဥက္ကဋ္ဌဦးမြင့်သိန်းနှင့် အတွင်းရေးမှူးဦးစန်းအောင်တို့က အသင်း ဖြစ်ပေါ်လာပုံနှင့် အသင်းလုပ်ငန်းစဉ်များ၊ ရှေ့လုပ်ငန်းစဉ်များကိုရှင်းလင်းပြောကြား ခဲ့သည်။အဆိုပါအခမ်းအနားသို့အနှေးယာဉ် လုပ်သားများနှင့်အဖွဲ့အစည်းပေါင်းစုံမှ အင် အား၁၂ဝတက်ရောက်ခဲ့ကြောင်းသိရသည်။