မင်းဘူးမြို့နယ် စကုနယ်မြေတွင် ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့် အဖွဲ့ Door to Door ကွင်းဆင်းဆောင်ရွက်

 

31.10.2018

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်သည့် နယ်မြေတစ်ခုဖြစ်သည့် မင်းဘူးမြို့နယ် စကုမြို့ တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၂) နေရာအတွက် မဲဆွယ်စည်းရုံးမှုတစ်ခုဖြစ်သည့် Door to Door ဆောင်ရွက်မှုအား မင်းဘူး/စကုမြို့နယ်မဲဆန္ဒနယ်မြေအမှတ်(၂)ရှိကျေးရွားများနှင့် မင်ဘူးနှင့်စကုမြို့ပေါ်ရပ်ကွက်များသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ တိုင်းပါတီဥက္ကဌဒေါက်တာမောင်မောင်ဌေး၊ တိုင်းဘဏ္ဍာရေးမှုဦးကြည်ထွန်း၊ တိုင်းကော်မတီဝင်များ ၊ ဦးကျော်သူဦး၊ ဦးအေးသူ၊မြို့နယ်ဥက္ကဌ ဦးကျော်ဝင်းမြင့် နှင့်ကော်မတီဝင်များလိုက်ပါလျက် တရွာဝင်တရွာထွက်နှင့် တအိမ်တက်ဆင်း Door to Door ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပါသည်။