ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ မြို့နယ်ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ

 

ဖျာပုံ၊ နိုဝင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးအစည်း အဝေးခန်းမတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဖျာပုံခရိုင်၊ မြို့နယ်အဆင့်ပါတီ တာဝန်ရှိသူများအား တွေ့ဆုံပွဲအခမ်းအနားကို အောက်တိုဘာလ ၃၁ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်တွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက အဖွင့်အမှာစကား ပြောကြားပြီးနောက် ခရိုင်၊ မြို့နယ် များမှပါတီတာဝန်ရှိသူများမိမိတို့၏ သက်ဆိုင်ရာနယ်မြေအလိုက် တင် ပြလာမှုများနှင့်စပ်လျဉ်း၍ ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီဗဟိုအတွင်းရေးမှူး ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ ဦးသန်းထွန်း၊ ပါတီဗဟိုအလုပ်မှုဆောင် ဦးဝဏ္ဏမောင်လွင်တို့က လိုအပ်သည်များကို ဖြည့်စွက်ရှင်း လင်းပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးနိုင်၊ ပါတီဗဟိုအတွင်းရေးမှူး ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ ဦးသန်းထွန်း၊ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဥာဏ်လင်း၊ ပါတီဗဟိုကော်မတီဝင် ဒေါက်တာနန္ဒလှမြင့်၊ ခရိုင်/ မြို့နယ်ပါတီ ဥက္ကဋ္ဌများ၊ ကော်မတီဝင်များ တက်ရောက်ကြသည်။

WHT,AMT