ကျောက်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ

 

ကျောက်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီးညီလာခံ အကြိုနှီးနှောဖလှယ်ပွဲကို (၂၈.၁၀.၂၀၁၈) ရက်နေ့ နံနက် (၁၀း၁၅) အချိန်တွင် ကျောက်ဖြူမြို့နယ် ပါတီရုံးခန်းမ၌ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ခရိုင်ဥက္ကဌဦးမြလင်းနှင့်ကော်မတီဝင်များ၊ မြို့နယ်ဥက္ကဌ ဦးသောင်းဝင်းနှင့်ကော်မတီဝင်များ၊ ရပ်/ကျေး ပါတီဥက္ကဌများ၊ အမျိုးသမီးရောရာအဖွဲ့ဝင်များ စုစုပေါင်းအင်အား(၁၂၈)ဦးတက်ရောက်ခဲ့ကြသည်။
အခမ်းအနားပထမပိုင်းတွင် သဘာပတိအဖွဲ့နေရာယူပြီး နိုင်ငံတော်အလံအားအလေးပြု၍နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် ခရိုင်ဥက္ကဌ ဦးမြလင်းမှကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်ပါတီဥက္ကဌဦးသောင်းဝင်းမှ နှီးနှောဖလှယ်ပွဲကျင်းပရသည့် ရည်ရွယ်ချက်အသေးစိတ်ကိုရှင်းလင်းပြောကြားကာ တက်ရောက်လာကြသော ရပ်/ကျေးအမျိုးသမီး ကိုယ်စားလှယ်များမှ အစုအဖွဲ့(၄)ဖွဲ့ဖြင့်စာတမ်းများပြုစုခဲ့ပါသည်။
အခမ်းအနားဒုတိယပိုင်းတွင် အစုအဖွဲ့များမှရရှိလာသောစာတမ်းများဖြစ်သည့် အမျိုးသမီးများနှင့် နိုင်ငံရေးအခန်းကဏ္ဍမြင့်တင်ရေးစာတမ်းကို ဒေါ်ခိုင်နုဖြူ (လိပ်ခမော်အုပ်စု)၊ အမျိုးသမီးများ၏ ငြိမ်းချမ်း သာယာမှုနှင့်လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးရတက်ရေးစာတမ်းကို မအေးချမ်းဝေေ၀ကျော် (စေတီတောင်ရပ်ကွက်) အမျိုးသမီးထုအတွင်းအမျိုးဂုဏ်ဇာတိဂုဏ်ထိန်းသိမ်းရေး အမျိုးသမီးများ၏အခွင့်အရေးများကို ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရေစာတမ်းကို ဒေါ်နုနုရီ(မင်းဂံအုပ်စု)နှင့် အမျိုးသမီးပါတီဝင်သစ်များစုရဆောင်းရေးနှင့် ၂၀၂၀ပြည့်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပါတီဝင်အမျိုးသမီးများအား စဉ်ဆက်မပြတ်လေ့ကျင့်ပျိုးထောင်ရေးစာတမ်းကို ဒေါ်ဇင်မာချို(ဂုံးချွိန်အုပ်စု)တို့မှ လည်းကောင်း အသီးသီးဖတ်ကြားတင်သွင်းခဲ့ကြသည်။
ထို့နောက် အမျိုးသမီးနှီးနောဖလှယ်ပွဲမှတွေ့ရှိချက်များ၊ မှတ်တမ်းတင်ခြင်းနှင့်ရှေ့လုပ်ငန်းစဉ်များကို ဒေါ်မ၀င်းကြည်မှဖတ်ကြားတင်ပြပြီး မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံ သဘာပတိဒေါ်စောရီမှ မှတ်တမ်းတင်ခြင်း၊ အတည်ပြုခြင်း၊ ရှေ့လုပ်ငန်းစဉ်များအကာင်အထည်ဖော်ရန်ဆုံးဖြတ်ပြီးနောက် မျြို့နယ်ပါတီဥက္ကဌ ဦးသောင်းဝင်းမှ နိဂုံးချုပ်အမှာစကားပြောကြား၍ အမျိုးသမီးကိုယ်စားလှယ်များမှ ပြည်ခိုင်ဖြိုး ..ဟေ.. တေးသီချင်းဖြင့် သံပြိုင်သီဆို၍အခမ်းအနားကို နေ့လည်(၁၂း၄၅)အချိန်တွင် အောင်မြင်စွာရုတ်သိမ်းခဲ့ကြသည်။

Rakhine USDP