ရပ်ကွက် ကျေးရွာအဆင့်ဆင့် ပြန်လည်ရွေးချယ် ပြီးစီးသည့်ပြည်ခိုင်ဖြိုးပါတီဝင်များ ကတိသစ္စာပြု

ရန်ကုန်တိုင်းဒေသကြီးရန်ကုန် (အရှေ့ပိုင်း)ခရိုင် ဒဂုံမြို့သစ်(အရှေ့ ပိုင်း)မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရပ်ကွက်၊ ကျေးရွာပါတီအဆင့်ဆင့် ပြန်လည် ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေးကို မြို့ နယ်အတွင်း မေ ၇ ရက်မှစတင် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ မေ ၃၁ ရက်တွင် ရပ်ကွက်နှင့်ကျေးရွာ ၃၂ခု လုံး ကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။

ထိုသို့ ရွေးချယ်ဆောင်ရွက် ပြီးစီးခဲ့သည့် ရပ်ကွက်၊ ကျေးရွာ များမှ ရွေးချယ်ခံရသည့် ပါတီ ကော်မတီဝင်များ၊ အရန်ကော်မတီ ဝင်များ၏ကတိသစ္စာပြုခြင်းအခမ်း အနားကို ယမန်နေ့ မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။ အခမ်း အနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုကော် မတီဝင် ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးတင်အောင်၊ ခရိုင်ပါတီကော်မတီဝင်ဒေါ်ဇာခြည် လင်း၊ ပထမအကြိမ်ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးမြင့်သူ၊ ပထမအကြိမ် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးခင်မောင် ထူး၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးမြင့်ခိုင်၊ တွဲဖက်အတွင်းရေးမှူး ဦးလှမျိုး၊ မြို့နယ်ပါတီကော်မတီ ဝင် ဦးနေဝင်းဆွေနှင့် ကော်မတီဝင် များ၊ ရပ်ကွက်နှင့်ကျေးရွာ ၃၂ ခု မှ ရွေးချယ်ခံရသည့် ကော်မတီဝင် များနှင့် အရန်ကော်မတီဝင်များ စုစုပေါင်း ၁၄၅ ဦး တက်ရောက် ကြသည်။ အခမ်းအနားတွင် ပါတီ ဗဟိုကော်မတီဝင် ရန်ကုန်တိုင်း ဒေသကြီး ပါတီကော်မတီဝင် ဦးတင်အောင်က အမှာစကားပြော ကြားပြီး တက်ရောက်လာကြသည့် ရပ်ကွက်နှင့် ကျေးရွာ ၃၂ ခုမှ ရွေးချယ်ခံရသည့် ကော်မတီဝင် များနှင့် အရန်ကော်မတီဝင်များက ပါတီဗဟိုကော်မတီဝင်နှင့် တိုင်း ဒေသကြီး၊ ခရိုင်၊ မြို့နယ်တာဝန်ရှိ သူများရှေ့မှောက်တွင် ကတိသစ္စာ ပြုခဲ့ကြကြောင်း သိရသည်။

လှမျိုး


Leave a Reply