ရေကြည်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပ

 

ဖျာပုံ အောက်တိုဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီခန်းမတွင် ယမန်နေ့နံနက် ၉ နာရီတွင် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အမျိုး သမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်း ပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှေးဦးစွာတိုင်းဒေသ ကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးÓဏ်လင်း နှင့် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကြည်သန်းတို့ က အမှာစကားအသီးသီးပြောကြားခဲ့ပြီး မြို့နယ် ပြည်ခိုင်ဖြိုးပါတီအမျိုးသမီးရေး ရာတာဝန်ခံ ဒေါ်အိအိချောက ကျင်းပ ရခြင်း ရည်ရွယ်ချက်များဖြစ်သည့် အမျိုး သမီးအင်အားစုများ၊ ပြည်ခိုင်ဖြိုးပါတီအင် အားများတိုးပွားလာစေရန်နှင့် စုစည်းလှုပ် ရှားမှုများတွင် အမျိုးသမီးရေးကဏ္ဍများ ၏အခြေအနေများ အကျယ်တဝင့်ပြော ကြားခဲ့ကြောင်း သိရသည်။
ထို့နောက် အမျိုးသမီးများကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးဂုဏ် ဇာတိဂုဏ်ထိန်းသိမ်းရေး၊ အမျိုးသမီးများ အခွင့်အရေး၊ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံ အကောင်အထည်ဖော်ဆောင်ရေး၊ မြန်မာ့ အမျိုးသမီးများနှင့် မြန်မာ့နိုင်ငံရေးကဏ္ဍ မြင့်တင်ရေး၊ အမျိုးသမီးများ ဘဝလုံခြုံရေး နှင့် ငြိမ်းချမ်းသာယာမှု လူမှုစီးပွားဘဝ တိုးတက်ရေးနှင့် အမျိုးသမီးများဘဝလုံခြုံ ရေးခေါင်းစဉ်များဖြင့်စာတမ်းများကို အမျိုး သမီးလေးဦးတို့က ဖတ်ကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ တိုင်းဒေသ ကြီးပါတီကော်မတီဝင်များ၊ ခရိုင်ပါတီ ကော်မတီဝင်များ၊ မြို့နယ်ပါတီကော်မတီ ဝင်များနှင့် ရပ်ကွက်ကျေးရွာ ပြည်ခိုင်ဖြိုး ကော်မတီဝင်များ ၂ဝဝ ကျော် တက် ရောက်ခဲ့ကြောင်း သိရသည်။

ကျော်စိုးမိုး(ဖျာပုံ)