သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီးညီလာခံအကြိုနှီးနှောဖလှဝ်ပွဲကျင်းပ

 

သံတွဲမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီမှ အမျိုးသမီးညီလာခံ အကြိုနှီး​နှောဖလှယ်​ပွဲကို ၁၇.၁၀.၂၀၁၈ ရက်နေ့နံနက် ​(၉း၀၀) အချိန်တွင်​ ခရိုင်ပါတီရုံးခန်းမ၌ကျင်းပခဲ့ပါသည်​။
အခမ်းအနားသို့ ပြည်နယ်ကော်မတီဝင်ဦးတင်မောင်သန်း, ခရိုင်ဥက္ကဌဦးကျော်ဇင့်နှင့်ကော်မတီဝင်များ, မြို့နယ်ဥက္ကဌဦးစန်းနိုင်နှင့်ကော်မတီဝင်များ, ရပ်/ကျေးပါတီဥက္ကဌများ, အမျိုးသမီးပါတီဝင်များ, ရပ်မိ/ရပ်ဖများ, ကြက်ခြေနီတပ်ဖွဲ့ဝင်များ, အမျိုးသမီးရောရာအဖွဲ့ဝင်များနှင့်လူငယ်ပါတီဝင်များ စုစုပေါင်းအင်အား (၁၄၀) ဦးတက်ရောက်ကာ
အခမ်းအနားပထမပိုင်းကိုသဘာပတိအဖွဲ့​နေရာယူပြီးနိုင်​ငံ​တော်​အလံအားအ​လေးပြု၍ နိုင်​ငံ​တော်​သီချင်းသီဆိုဖွင့်​လှစ်​ခဲ့ပါသည်​၊ထို့​နောက်​ပြည်​နယ်​​ကော်​မတီဝင်​ဦးတင်မောင်သန်းကအဖွင့်​အမှာစကား​ပြောကြားပြီးခရိုင်​ဥက္ကဌဦး​ကျော်​ဇင်​မှမိတ်​ဆက်​အမှာစကားဆက်​လက်​​ပြောကြားခဲ့ပါသည်​။
ယင်း​နောက် ​မြို့နယ်​ပါတီဥက္ကဌက နှီး​နှောဖလှယ်​ပွဲကျင်းပရသည့်​ရည်​ရွယ်​ချက်​အ​သေးစိတ်​ကိုရှင်းလင်း​ပြောကြားကာ တက်​​ရောက်​လာကြ​သောရပ်​​ကျေးအမျိုးသမီးကိုယ်​စားလှယ်​များမှအစုအဖွဲ့(၄)ဖွဲ့ဖြင့်​စာတမ်းများများပြုစုခဲ့ပါသည်​။ပြီး​နောက်​ညီလာခံသို့တက်​​ရောက်​လာကြ​သောကိုယ်​စားလှယ်​များနှင့်​ပါတီအဆင့်ဆင့်​မှတာဝန်​ရှိပုဂ္ဂိုလ်​များ၊ရပ်/ကျေး​ခေါင်း​ဆောင်များကိုနံနက်​စာဖြင့်​ဧည့်​ခံ​ကျွေး​မွေးခဲ့ပါသည်​။
အခမ်းအနားဒုတိယပိုင်းကိုသဘာပတိအဖွဲ့ပြန်​လည်​​နေရာယူပြီး​နောက်​အစုအဖွဲ့များမှရရှိလာ​သောစာတမ်းများဖြစ်​သည့်​အမျိုးသမီးများနှင့်​နိုင်​ငံ​ရေးအခန်းဂဏ္ဍမြင့်​တင်​​ရေးစာတမ်းကို​ မဟန်နီလွင်(အံတော်ရွာ)၊
အမျိုးသမီးများ၏ငြိမ်းချမ်း​သာယာမှုနှင့်​လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်​​ရေးစာတမ်းကို မခိုင်အိစံ(အံတော်ရွာ)၊အမျိုးသမီးထုအတွင်းအမျိုးဂုဏ်​၊ဇာတိဂုဏ်​ထိန်းသိမ်း​ရေး၊အမျိုးသမီးများ၏အခွင့်​အ​ရေးများကိုရိုးရာယဉ်​​ကျေးမှုဓ​လေ့ထုံးစံနှင့်​အညီအ​ကောင်​အထည်​​ဖော်​​ဆောင်​ရွက်​​ရေစာတမ်းကို မမခင်ပြုံးရီ(တုံးတောရွာ)နှင့်​အမျိုးသမီးပါတီဝင်​သစ်​များစု​ဆောင်း​ရေးနှင့်​၂၀၂၀ပြည့်​​ရွေး​ကောက်​ပွဲ​အောင်​နိုင်​​ရေးအတွက်​ပါတီဝင်​အမျိုးသမီးများအားစဉ်​ဆက်​မပြတ်​​လေ့ကျင့်​ပျိုး​ထောင်​​ရေးစာတမ်းကို မခင်မာချို(ငပန်ရွာ)တို့မှဖတ်​ကြားတင်​သွင်းခဲ့ကြပါသည်​။
ထို့​နောက်​အမျိုးသမီးနှီး​နောဖလှယ်​ပွဲမှ​တွေ့ရှိချက်​များ၊မှတ်​တမ်းတင်​ခြင်း​နှင့်​​ရှေ့လုပ်​ငန်းစဉ်​များကို ​မော်ရုံကျေးရွာမှ (မချယ်ရီငြိမ်း)ကတင်​သွင်းခဲ့ပြီးအမျိုးသမီး​ရေးရာတာဝန်​ခံသဘာပတိ​ဒေါ်သန်းသန်းဌေးမှမှတ်​တမ်းတင်​ခြင်း၊အတည်​ပြုခြင်း​ရှေ့လုပ်​ငန်းစဉ်​များအ​ကာင်​အထည်​​ဖော်​ရန်​ဆုံးဖြတ်​ပြီး​နောက်​မျြို့နယ်​ပါတီဥက္ကဌဦး​စန်းနိုင်ကနိဂုံးချုပ်​အမှာစကား​ပြောကြား၍အမျိုးသမီးလူငယ်​အဖွဲ့မှပြည်​ခိုင်​ဖြိုး..​ဟေ.​တေးသီချင်းဖြင့်​သံပြိုင်​သီဆို၍အခမ်းအနားကို​နေ့လည်​၂း၀၀အချိန်​တွင်​​အောင်​မြင်​စွာရုတ်​သိမ်းခဲ့ပါသည်။

Rakhine USDP