ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲနှင့် လူထုတွေ့ ဆုံပွဲ ပါတီဥက္ကဌဦးသန်းဌေး တက်ရောက်

 

အောက်တိုဘာ – ၁၇ (မြစ်ကြီးနား)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့  ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲနှင့် လူထုတွေ့ ဆုံပွဲ အခမ်းအနားကို ယနေ့ နံနက် ၈း၀၀ နာရီ အချိန်တွင် မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံ ရပ်ကွက်ရှိ ပြည်နယ် ပြည်ခိုင်ဖြိုး ရုံးအတွင်း မြင်ခင်ပြင်တွင် ကျင်ပပြုလုပ်ရာ အခမ်းအနားသို့ 
ပြည်ခိုင်ဖြိုး ပါတီဥက္ကဌ ဦးသန်းဌေး တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း အခမ်းအနားသို့ ပါတီဥက္ကဌ ဦးသန်းဌေးနှင့်အတူ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအလုပ်မှုဆောင် ဦးဝဏမောင်လွင်၊ ကချင်ပြည်နယ်တာဝန်ခံ ဒေါက်တာအောင်မြတ်ဦးနှင့်အတူ ပြည်နယ်ပါတီနာယက ဦးလဂျွန်ငံဆိုင်း၊ ပြည်နယ်ပါတီဥက္ကဌ ဦးရားဝမ်ဂျုံး နှင့် ပြည်နယ်ကော်မတီဝင်များ ခရိုင်မြို့ နယ်များမှ ပါတီကော်မတီဝင်များ မြစ်ကြီးနားမြို့ နယ်မှပါတီဝင်အသစ်များနှင့် မိဘပြည်သုလူထု အင်အား ၃၀၀၀ ကျော် တက်ရောက်ခဲ့ ကြောင်းသိရသည်။

မိုးညှင်းပြည်ခိုင်ဖြိုးပါတီ