မာန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ

 

မာန်အောင် အောက်တိုဘာ ၁၄

ရခိုင်ပြည်နယ် ကျောက်ဖြူ ခရိုင် မာန်အောင်မြို့နယ်ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံးအစည်းအဝေးခန်းမ၌ ယမန် နေ့ နံနက် ၉နာရီက ဗဟိုအမျိုး သမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲ အခမ်းအနားကိုကျင်းပရာ ပြည် ခိုင်ဖြိုးပါတီနာယကများ၊ ခရိုင်/ ပြည်နယ်အရန်ကော်မတီ ဦးကျော် လှဦး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမောင် ကြည်နှင့် ကော်မတီဝင်များ၊ ရပ်/ ကျေးပါတီဥက္ကဋ္ဌများ၊မြို့နယ်အမျိုး သမီးရေးရာတာဝန်ခံဒေါ် ချိုချိုဝင်း နှင့်ကော်မတီဝင်များ၊ရပ်/ကျေးအမျိုး သမီးရေးရာအဖွဲ့ဝင်များ ၂၄ဝ ခန့် တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားကိုနိုင်ငံ တော်သီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီးမြို့ နယ်ပါတီဥက္ကဋ္ဌ ဦးမောင်ကြည်က အမှာစကားပြောကြားသည်။

ထို့နောက် သဘာပတိအဖွဲ့ ခေါင်းဆောင် ဒေါ်လဲ့လဲ့မြင့်အောင် က ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးတက်ရောက် လာသော အမျိုးသမီးရေးရာအဖွဲ့ ဝင်များကစာတမ်းပြုစုတင်သွင်းရာ တွေ့ရှိချက်ဆုံးဖြတ်ချက်နှင့် ရှေ့ လုပ်ငန်းစဉ်များ ချမှတ်အတည်ပြု ခြင်းကိုသဘာပတိအဖွဲ့မှကြေညာ သည်။ ယင်းနောက် မြို့နယ်ပါတီ ဥက္ကဋ္ဌကနိဂုံးချုပ်အမှာစကားပြော ကြားပြီးအခမ်းအနားကို ‘ပြည် ခိုင်ဖြိုးဟေ့’တေးသီချင်းဖြင့်သံပြိုင် သီဆို ပြီးဆုံးခဲ့ကြောင်း သိရသည်။

သိန်းဖေ(မာန်အောင်)