အမျိုးသမီးရေးရာညီလာခံအား ကြိုဆိုသည့်အနေဖြင့် ဇီးကုန်းပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအကြိုနှီးနှောဖလှယ်ပွဲပြုလုပ်

 

10-10-2018 ဇီးကုန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးပြီးကျင်းပပြုလုပ်မည့် အမျိုးသမီးရေးရာညီလာခံအား ကြိုဆိုသည့်အနေဖြင့် ပဲခူးတိုင်းဒေသကြီး(အနောက်)၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသမီးရေးရာညီလာခံအကြို နှီးနှောဖလှယ်ပွဲ အခမ်းအနားအား ယနေ့ နံနက် (၀၉၃၀)နာရီခန့်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးများ၏ အကျိုးစီးပွား၊ တန်းတူအခွင့်အရေး၊ လုံခြုံရေးဆိုင်ရာများ၊ တရားဥပဒေရေးရာကိစ္စရပ်များအား တက်ရောက်လာသူများမှ ဆွေးနွေးကာ စာတမ်းပြု
လုပ်ခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါအမျိုးသမီးရေးရာအကြိုနှီးနှောဖလှယ်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးပါတီကော်မတီဝင် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ထားထားနု နှင့် တိုင်းပါတီကော်မတီဝင်များ၊ သာယာဝတီခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဌနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဌများ၊ အမျိုးသမီးရေးရာပါတီဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း အင်အား ၁၀၀ခန့် တက်ရောက်ကြောင်း သတင်းရရှိပါသည်။