မော်လမြိုင်ကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီးညီလာခံကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် သက်ကြီးရွယ်အိုများ၊ ဓမ္မစကူးလ် ကျောင်းသားကျောင်းသူများအား အဟာရဒါနနှင့် ကိုယ်လက်သန့် စင်မှုများပြုလုပ် ကုသိုလ်ယူ

 

မော်လမြိုင်ကျွန်း ၊ အောက်တိုဘာ ၉

၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ ကျင်းပပြုလုပ်မည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၏ ဗဟိုအမျိုးသမီးညီလာခံအား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ၊ လပွတ္တာခရိုင် ၊ မော်လမြိုင်ကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယနေ့ နေ့လည် ၁ နာရီချိန်တွင် မော်လမြိုင်ကျွန်းမြို့ အမှတ် ( ၁) ရပ်ကွက်ရှိ တောရဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ထားသော တောရဓမ္မစကူးလ် ကျောင်းသားကျောင်းသူများ ( ၂၅၀ ) ဦးအား အာဟာဒါနအဖြစ် အုန်းနို့သာကူ တိုက်ကျွေးခဲ့ပါသည်။
ဆက်လက်၍ အမှတ် ( ၁၃ ) ရပ်ကွက် ချမ်းမြေ့ရိပ်သာရှိ ဘိုးဘွားများအား အာဟာဒါနများ ကျွေးမွေးကန်တော့ခြင်းနှင့် တစ်ကိုယ်ရည်ကိုယ်လက် သန့်ရှင်းမှုများ ရိပ်သာပတ်ဝန်းကျင်းရှင်းလင်းမှုများ ပြုလုပ်ပေးခြင်းဖြင့် ကုသိုလ်ယူခဲ့ကြပါသည်။
အဆိုပါ ညီလာခံအကြို ဒါနပြုကုသိုလ်ယူပွဲကို ခရိုင် မြို့နယ် ပါတီ ကော်မတီဝင်များနှင့် မြို့နယ် အမျိုးသမီးရေးရာပါတီကော်မတီဝင်များ စုစုပေါင်း ( ၁၀၀ ) ဦးခန့် ပါဝင်ခဲ့ပါသည်။