ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲ မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကျင်းပ

 

မြိတ် အောက်တိုဘာ ၈

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပသည့် ဗဟိုအမျိုးသမီးညီလာခံ အကြိုနှီးနှောဖလှယ် ပွဲကို မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ယမန်နေ့ နံနက် ၈နာရီခွဲကကျင်းပခဲ့ရာ တိုင်းဒေသကြီး ကော်မတီဝင်ဦးသိန်းလွင်၊ မြိတ်ခရိုင်ပါတီ ဥက္ကဋ္ဌဦးဝင်းဆွေ၊ အတွင်းရေးမှူးဦးအောင်ဇော်မိုးနှင့် ခရိုင်ကော်မတီဝင်များ၊ မြိတ်မြို့ နယ်ပါတီဥက္ကဋ္ဌ ဦးမိုးမြင့်၊ အတွင်းရေးမှူးကိုကိုကြီး၊ မြိတ်မြို့နယ်အမျိုးသမီးရေးရာ တာဝန်ခံခေါင်းဆောင် ဒေါ်နီလာမြင့်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာ ပါတီဥက္ကဋ္ဌများ၊ ရပ်ကွက်၊ ကျေးရွာ အမျိုးသမီးရေးရာအဖွဲ့ဝင်များ စုစုပေါင်း အင်အား ၁၅ဝကျော် တက်ရောက်ခဲ့သည်။

ဆက်လက်၍ အစုအဖွဲ့အလိုက် ဆွေးနွေးတွေ့ရှိချက်များအား အတည်ပြုခြင်းနှင့် မှတ်တမ်းတင်ခြင်းများ ပြုလုပ်ခဲ့ပြီး ဆုံးဖြတ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များကို အသီးသီး ဖတ်ကြားတင်သွင်းခဲ့ကြပြီး မြိတ်ခရိုင်ပါတီဥက္ကဋ္ဌ ဦးဝင်းဆွေက နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို ”ပြည်ခိုင်ဖြိုး…ဟေ့” သီချင်းဖြင့် သံပြိုင်သီဆိုကြကာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ကျော်လင်း(မြိတ်)