မန္တလေးမြို့တွင် ပထမဆုံးအကြိမ်ေ တာင်သုံးတောင် လမ်းကြမ်းဖိတ်ခေါ်စက်ဘီးစီးပြိုင်ပွဲကျင်းပမည်

 

မန္တလေး အောက်တိုဘာ ၈

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် တောင်သုံး တောင်လမ်းကြမ်းဖိတ်ခေါ်စက်ဘီးစီးပြိုင်ပွဲကို မန္တလေးမြို့ ၌ ယခုလ ၁၄ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲကို မြန်မာနိုင်ငံ စက်ဘီး အဖွဲ့ချုပ်နှင့် MFR တို့မှ ကြီးမှူးကျင်းပ သွားမည်ဖြစ်ပြီး Black Shield ကုမ္ပဏီမှ အဓိက ကူညီပံ့ပိုးပေးထားပြီး မြန်မာနိုင်ငံ အတွင်းရှိ စက်ဘီးအားကစားသမားများ ပါဝင်ဆင်နွှဲရန်ဖိတ်ခေါ်ထားကြောင်းမြန်မာ နိုင်ငံစက်ဘီးအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးအောင်ဝင်းထွန်းက ပြောသည်။

”ဒီစက်ဘီးပြိုင်ပွဲက မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ကျင်းပတဲ့ပြိုင်ပွဲပါ။ပထမ ဦးဆုံး မန္တလေးတောင် တောလမ်းအတိုင်း တာထွက်ပြီး ရန်ကင်းတောင်ကို တက်ရ မယ်။ အဲဒီကတစ်ဆင့် တောလမ်းကြမ်း အတိုင်း ပြန်စီးလာပြီး ရေတံခွန်တောင် ပေါ်တက်မယ်။ နောက်ဆုံး ထူးမတောင် ထိပ်မှာ ပန်းဝင်ရမှာဖြစ်ပါတယ်။ စီးနင်းရ မယ့် ခရီးအရှည်က ၃၇ ကီလိုမီတာရှိပါ တယ်။ ပြိုင်ပွဲမှာပန်းဝင်သူတိုင်းကို အမှတ် တရဆုတံဆိပ်တွေပေးမှာဖြစ်ပါတယ်”ဟု ၄င်းကပြောသည်။

တောင်သုံးတောင်လမ်းကြမ်းဖိတ်ခေါ် စက်ဘီးပြိုင်ပွဲသို့ဝင်ရောက် ယှဉ်ပြိုင်မည့် အားကစားသမားများအား ဝတ်စုံများပံ့ပိုး ပေးမည့်အပြင် ၁ဝဝ ဏူကျ သောက်ရေသန့် များနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေး ရန်လမ်းတစ်လျှောက်၌ အဖွဲ့များခွဲ၍ နေရာ များချထားပေးမည်ဖြစ်ကြောင်းနှင့် အဆို ပါပြိုင်ပွဲ ကျင်းပမည့်အစီအစဉ်များအား အောက်တိုဘာ ၉ရက်တွင် ချမ်းအေးသာစံ မြို့နယ်ရှိ Oriental House ခန်းမ၌ အကြို မီဒီယာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ် သည်။

ထို့ပြင် မန္တလေးမြို့၌ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ငါးနိုင်ငံဖိတ်ခေါ် CRITERIUM စက်ဘီးပြိုင်ပွဲကို နိုဝင် ဘာ ၁၁ ရက်တွင် ကျင်းပသွားမည်ဖြစ်ရာ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုးနီးရှား နှင့် အိန္ဒိယနိုင်ငံများမှ လာရောက်ယှဉ် ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

ထက်မြတ်(မန္တလေး)