ဗဟိုအမျိုးသမီးညီလာခံကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆရာတော်သံဃာတော်များအား နေ့ဆွမ်းနှင့်နဝကမ္မများဆက်ကပ်

 

တနင်္သာရီ အောက်တိုဘာ ၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီး ညီလာခံကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် တနင်္သာမြို့နယ် ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးထင်ပေါ် ဦးဆောင်မှုဖြင့် ပထမအကြိမ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ကော်မတီဝင်များ၊ အမျိုး သမီးရေးရာအဖွဲ့ဝင်များနှင့်ပါတီဝင် ထုများ စုစုပေါင်းအင်အား ၇ဝ တို့သည် ယမန်နေ့ နံနက် ၉နာရီက ရိပ်သာဘုန်းတော်ကြီးကျောင်းရှိ သဘာဝဘိုးဘွားရိပ်သာပတ်ဝန်း ကျင်၌ပြည်သူ့အကျိုးပြုလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ပြည်သူ့အကျိုးပြုလုပ်ငန်းများ မဆောင်ရွက်မီ သဘာဝဘိုးဘွား ရိပ်သာဓမ္မာရုံ၌ ဆရာတော် အရှင် သုန္ဒရက ငါးပါသီလကိုဆောက် တည်ပေးပြီး ”ခေါင်းဆောင် ကောင်းများဖြစ်ကြပါစေ”ဟူသော တရားတော်ကို ချီးမြှင့်ပေးတော် မူ၍ ရေစက်ချအမျှအတန်း ပေး ဝေပြီး နဝကမ္မဝတ္ထုများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဆရာတော် သံဃာတော်များနှင့်သီလရှင်များအား ဆွမ်းနှင့်ဟင်းလျာများ၊ နဝကမ္မ များကို ဆက်ကပ်လှူဒါန်းခြင်းနှင့် ဘိုးဘွားခြောက်ဦးကို မုန့်ပုံး တစ်ပုံးစီဖြင့် ပေးအပ်ကန်တော့ခဲ့ ကြောင်း သိရသည်။

ထို့နောက် ဘိုးဘွားရိပ်သာ ပတ်ဝန်းကျင်ရှိ မြက်များနုတ်ခြင်း၊ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ထင်း ပိုင်းများကို သိုလှောင်ထားရန် နေရာသို့ သယ်ယူပို့ဆောင်ပေး ခြင်းကို စုပေါင်းဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။