ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပညာရည်ချွန်ဆုပေးပွဲကျင်းပ

 

ဘားအံ အောက်တိုဘာ ၇

ကရင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒေါန ခန်းမတွင်ကျင်းပသော ပညာရည် ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်က နိုင်ငံ တော်သီချင်းသီဆို၍ ဖွင့်လှစ်ခဲ့ သည်။ ထို့နောက် သဘာပတိ အဖြစ် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်က အမှာစကားပြော ကြားခဲ့သည်။

ဆက်လက်ပြီးငါးဘာသာဂုဏ် ထူးရှင်တစ်ဦး၊ သုံးဘာသာဂုဏ် ထူး ရှင်ငါးဦး၊ နှစ်ဘာသာဂုဏ်ထူး ရှင် လေးဦး၊ တစ်ဘာသာဂုဏ်ထူး ရှင် ၂၈ ဦး စုစုပေါင်း ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူ ၃၈ ဦး ကို ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်၊ ကရင်ပြည်နယ်ပါတီ ဥက္ကဋ္ဌ ဦးစောမြင့်ဦး၊ ကရင်ပြည်နယ် ပါတီအတွင်း ရေးမှူးဦးစန်းကို၊ ပြည်နယ် ပါတီကော်မတီဝင်များက ဆု များ ချီးမြှင့်ပေးခဲ့သည်။

ယင်းအခမ်းအနားသို့ကရင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးစော မြင့်ဦး၊ အတွင်းရေးမှူး ဦးစန်း ကိုနှင့် ပါတီကော်မတီဝင်၊ ခရိုင်/မြို့နယ်ဥက္ကဋ္ဌနှင့် ပါတီ ကော်မတီဝင်များ၊ဆုရကျောင်း သားကျောင်းသူအင်အား ၈ဝ တက်ရောက်ခဲ့ကြပြီး အခမ်း အနားကို မွန်းတည့် ၁၂ နာရီ တွင် ပြီးဆုံးခဲ့ကြောင်း သိရ သည်။