ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်အရှေ့ပိုင်းနှင့် အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုး ပါတီ အောင်နိုင်ရေးကော်မတီဝင်များနှင့်တွေ့ဆုံ

ရန်ကုန်၊ အောက်တိုဘာ ၎

ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဦးခင်ရီနှင့် ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်း ဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့သည် ယမန်န့နံနက် ၁၁ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ရုံး အစည်းအဝေးခန်းမတွင် ရန်ကုန်အရှေ့ပိုင်းနှင့် အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီအောင်နိုင်ရေး ကော်မတီဝင် များနှင့်တွေ့ဆုံ၍ ၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးလုပ်ငန်းစဉ်များကို တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ သည်။
အစီအစဉ်အရ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက ကိုယ်စားလှယ်လောင်း များနှင့် မြို့နယ်ပါတီဥက္ကဋ္ဌများ လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များ၊ ခရိုင်ပါတီဥက္ကဋ္ဌများက ပံ့ပိုးကူညီရမည့် လုပ်ငန်း စဉ်များကို မှာကြားခဲ့သည်။

ဆက်လက်၍ ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဦးခင်ရီက အောင်နိုင်ရေးလုပ်ငန်းများ ကို ကူညီဆောင်ရွက်ပေးမည့်အခြေအနေများ၊ ကိုယ်စားလှယ်လောင်းများ၏ ဆောင်ရွက်ချက်များကို အကြံပြု ဆွေးနွေးသည်။
ထို့နောက် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများက ဆောင်ရွက်ထားမှုများကို တင်ပြခဲ့ကြသည်။ ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဦးခင်ရီမှ လိုအပ်ချက်များကို ထောက်ပြဆွေးနွေးပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ထိန်ဝင်း(့YGN)