Okpar အမည်ရှိ ဆိုရှယ်မီဒီယာ မိတ်ဆက်

ဆိုရှယ်မီဒီယာအသစ်တစ်ခုအဖြစ် Okpar ကို စတင်မိတ်ဆက်လိုက်ပါတယ်။ ဒီနေရာကို ဝင်ရောက်ပြီး sign up ပြုလုပ်ကာ အသုံးပြုရမှာဖြစ်ပါတယ်။ အခြားဆို ရှယ်မီဒီယာတွေလိုပဲ အီးမေးလ် လိပ်စာ၊ password, profile address အစရှိတဲ့ အချက်အလက်တစ်ချို့ကို ဖြည့်ရမှာဖြစ်ကြောင်း သိရပါတယ်။ “စီးပွားရေးအရ အောင်မြင်နိုင်မယ့် Social Network တစ်ခုကို မြန်မာနိုင်ငံအနေနဲ့ မိတ်ဆက်တာ ဖြစ်ပါတယ်၊ Okpar social network ကို လူအများအပြားသုံးတဲ့ social network ဖြစ်အောင်ရည်ရွယ်ထားပါတယ်၊ အသုံးပြုသူတွေအတွက် security ကောင်းအောင် လွယ်လွယ် ကူကူ အသုံးပြုနိုင်အောင် အတတ်နိုင်ဆုံး ပြုလုပ်ထားပါတယ်၊ နောက်ပိုင်းကျရင် online shopping တွေကို ဒီအပေါ်မှာ လုပ်လို့ရအောင်၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ချိတ်ဆက်ပြီး ပစ္စည်းတွေ ရောင်းဝယ်လို့ရအောင်လုပ်ဖို့ အစီအစဉ်ရှိတယ်၊ Payment platform တစ်ခုကိုလည်း ဒီအပေါ်ကနေ အသုံးပြုလို့ရအောင် ဆောင်ရွက်နေတယ်” လို့ Okpar ရဲ့ မန်နေဂျင်းဒါရိုက်တာ ဦးပြည့်ဖြိုးထက် က ပြောပါတယ်။

အဲဒီ Socical Network မှာ ကိုယ်ပိုင် Page တွေလည်း ဖွင့်နိုင်မှာဖြစ်ပါတယ်။ သူငယ်ချင်း အရေအတွက်များများ စကားပြောနိုင်မယ့် Group Chat လည်းပြောနိုင်မှာဖြစ်ကြောင်း၊ Log in ဝင်တဲ့အီးမေးလ်လိပ်စာ၊ password ပြောင်းခြင်းတို့ကိုလည်း အလွယ်တကူ ပြုလုပ်လို့ရကြောင်း၊ အကောင့်ဖျက်သိမ်းတာကိုလည်း အလွယ်တကူ ပြုလုပ်နိုင်ဖို့ စီစဉ်ပေးထားကြောင်း သိရပါတယ်။ “ ဘယ်လောက်ထိ အသုံးပြုရ လွယ်ကူမလဲဆိုတာကို user ဖက်ကိုကြည့်ပြီး အသေးစိတ်ဒီဇိုင်းဆွဲထားပါတယ်” လို့ Okpar Team မှ ဦးငြိမ်းမင်းဦးက ပြောပါတယ်။ လက်ရှိ အချိန်မှာ beta version အဖြစ်အသုံးပြုနိုင်မှာဖြစ်ပြီး Android အတွက်ပဲ အသုံးပြုနိုင်ဦးမှာဖြစ်ကြောင်း၊ မိတ်ဆက်ပြီး ရက် ၂၀ အတွင်းမှာ iOS အသုံးပြုနိုင်အောင် ဆောင်ရွက်နေကြောင်း သိရပါတယ်။ Okpar ဆိုရှယ်မီဒီယာ စတင်မိတ်ဆက်ခြင်း အခမ်းအနားကို စက်တင်ဘာ ၂၇ ရက်က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

-ထွန်းထွန်း