Snapdragon 660 နဲ့ 8GB RAM ပါဝင်တဲ့ Realme 2 Pro တရားဝင်မိတ်ဆက်

Oppo ရဲ့ အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Realme ဟာ ကုမ္ပဏီရဲ့ တတိယမြောက် စမတ်ဖုန်းဖြစ်တဲ့ Realme 2 Pro ကို မိတ်ဆက်လိုက်ပါတယ်။ အဆိုပါ စမတ်ဖုန်းသစ်မှာ ၆.၃ လက်မ Full HD+ screen နဲ့ waterdrop notch (Realme အခေါ် Dewdrop) ပါဝင်ပါတယ်။ Snapdragon 660 chipset နဲ့အသုံးပြုနိုင်ပြီး memory option တွေကိုတော့ 8/128GB အထိ ရရှိနိုင်ပါတယ်။

Realme 2 Pro မှာ 16 MP + 2 MP ကျောဘက်ကင်မရာ ပါဝင်ပါတယ်။ ပင်မ sensor က လျင်မြန်တဲ့ f/1.7 lens ဖြစ်ပါတယ်။ Notch ထဲမှာတော့ 16MP resolution နဲ့ f/2.0 lens ပါဝင်ပါတယ်။ Fingerprint scanner ကိုလည်း Realme တံဆိပ်နဲ့အတူ ကျောဘက်မှာ တွေ့မြင်နိုင်ပါတယ်။

Snapdragon 660 chipset ကို 4/64GB, 6/64GB နဲ့ 8/128GB ဆိုပြီး option တွေနဲ့ ရရှိနိုင်ပါတယ်။ Realme 2 Pro မှာ Realme 2 အတိုင်း Android 8.1 Oreo အခြေခံ ColorOS 5.2 ကို အသုံးပြုထားပါတယ်။ ဒါကြောင့် Easy Screenshot, Clone Phone နဲ့ Smart Play တို့လို feature တွေနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဖုန်းရဲ့ဘက်ထရီက 3,500mAh ဖြစ်ပါတယ်။ ဒါပေမဲ့ fast charging အားသွင်းစနစ် မပါဝင်ပါဘူး။

Realme 2 Pro ကို အနက်၊ အပြာရင့်နဲ့ အပြာနု ဆိုပြီး အရောင်သုံးမျိုးနဲ့ ရရှိနိုင်ပါတယ်။ တန်ဖိုးက 4/64GB အတွက် ၁၉၂ ဒေါ်လာ၊ 6/64GB အတွက် ၂၀၀ ဒေါ်လာနဲ့ 8/128GB အတွက် ၂၅၀ ဒေါ်လာ အသီးသီး ကျသင့်မှာ ဖြစ်ပါတယ်။ ဒီဖုန်းကို အောက်တိုဘာ ၁၁ ရက်မှာ Flipkart ကနေ ရောင်းချသွားမှာ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ရောင်းချမယ့်အချိန်ကိုတော့ အောက်တိုဘာလ မှာ ကြေညာသွားမယ်လို့ သိရပါတယ်။

Ref: GSMArena