ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မိုးများ၍ ရာသီဥတုဒဏ်ကြောင့် ပျိုကျပျက်စီး သံကူကွန်ကရစ်တံတား(၂) စင်း အား အမြန်ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ.မရှိ မေးခွန်းမေးမြန်း
မော်လမြိုင်၊ စက်တင်ဘာ ၂၀
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျိုက်မရောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ကျိုက်မရော မြို့နယ် ပါတီဥက္ကဋ္ဌ ဦးမင်းအောင်မွန်သည် စက်တင်ဘာလ ၂၀ ရက်နေ့တွင် မွန်ပြည်နယ်လွှတ်တော်တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပဉ္စမ) နေ့တွင် ကျိုက်မရောမြို့နယ် မိကသစ်ကျေးရွာအုပ်စုရှိ မိကသစ်နှင့် လေးအိမ်စုကျေးရွာသို့ ဆက်သွယ်ထားသော လမ်းပေါ်ရှိ တံတား (၂) စင်းသည် မိုးများ၍ ရာသီဥတုဒဏ်ကြောင့် ပေါက်ပြဲပျိုကျပျက်စီးနေသဖြင့် အစိုးရမှ အဆိုပါကျေးရွာ၏ အဓိကကျသောလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတား (၂) စင်းအား အမြန်ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းအား မေးမြန်းခဲ့သည်။
အဆိုပါ မေးခွန်းအား မွန်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်မှ လာမည့်ပွင့်လင်းရာသီတွင် ပြည်နယ်ဖွံဖြိုးရေး ရံပုံငွေမှ အမြန်ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။