မုံရွာခရိုင် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဆင်းပွဲသို့ တိုင်ဒေသကြီး ပါတီကော်မတီဝင် ခရိုင်တာဝန်ခံ ဗဟိုအလုပ်အမှုဆောင် တက်ရောက်အမှာစကားပြောကြား

မုံရွာ၊ စက်တင်ဘာ ၂ဝ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ သုံးရက်ကြာ သင်ကြားပို့ချပေးသော နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းကို မုံရွာခရိုင် မုံရွာမြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
သင်တန်းဖွင့်ပွဲကို ယခုလ ၁၈ ရက်က ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းနှင့်တကွ တိုင်းဒေသကြီး ပါတီကော်မတီဝင်များက တက်ရောက်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ (၂၀) ရက်နေ့တွင် သင်တန်းကျင်းပပြီးစီးခဲ့ခြင်းဖြစ်သည်။

အဆိုပါသင်တန်းသို့ မုံရွာခရိုင်မြို့နယ်များမှ ပြည်ခိုင်ဖြိုးပါတီဝင် သင်တန်းသား ၄၈ ဦး တက်ရောက်သင်ကြား ခဲ့သည်။
ဆက်လက်၍ ယမန်နေ့ညနေပိုင်းတွင် သင်တန်းဆင်းပွဲကို ကျင်းပခဲ့ရာ ဗဟိုအလုပ်အမှုဆောင်တိုင်းဒေသကြီး ပါတီကော်မတီဝင် မုံရွာခရိုင်တာဝန်ခံ ဒေါက်တာဝင်းမြင့်အောင်က တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး သင်တန်းနည်းပြ ဆရာ ဆရာမများအား အမှတ်တရဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ကျော်မျိုးအောင် (မုံရွာ)